7.3.2016

Kyotoမြို့က Herb tea နဲ့ အပန်းပြေ

နယူးဆောင်းပါး

Herb tea ဆိုတာ Rose hip၊ Lemongrass၊ Lavender စတဲ့ အနောက်တိုင်းနိုင်ငံတွေက ထုတ်ကြတဲ့ tea
အမျိုးအစားက နာမည်ကြီးပါတယ်။

ဒါပေမဲ့ ဂျပန်နိုင်ငံမှာလည်း ရှေးကတည်းက herb tea ထုတ်နေတာကို
သိပါသလား။ ဥပမာအားဖြင့် Kawaraketsumei ဆိုတဲ့ အရွက်ကိုသုံးတဲ့ teaတစ်မျိုး ”Kouhou cha”ဟာ
ပြီးခဲ့တဲ့ အနှစ် ၁၂၀၀ ကျော်ကတည်းက ဆင်းဆက်မပြတ် ထုတ်လုပ်နေတဲ့ herb tea တစ်မျိုး ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ Kyotoမြို့ Tofukujiဘုရားနားမှာ “Be-tree” ဆိုတဲ့ teaဆိုင် ရှိပါတယ်။ ဒီဆိုင်မှာ ပိုးစာရွက်၊
တည်ရွက် စတဲ့ သစ်ရွက်တွေကိုသုံးတဲ့ ဂျပန်ရိုးရာ herb teaတွေ ရောင်းနေတာဖြစ်ပါတယ်။

ဒီလိုမျိုးသစ်ရွက်တွေမှာ အသားလှစေခြင်း၊ အဆိပ်ဖြေခြင်း စတဲ့ အာနိသင် ရှိပါတယ်။ အရတာကတော့
နည်းနည်းချိုပြီး သောက်လို့ကောင်းပါတယ်။

Be-tree teaဆိုင်

Be-treeဆိုင်က လူကြိုက်အများဆုံး tea တစ်မျိုးက “Tsurezure Kirakira cha” ဖြစ်ပါတယ်။ ပိုးရွက်၊
တည်ရွက်၊ Kawaraketsumei စတဲ့ သစ်ရွက် ၆ မျိုးကို ရောထားပါတယ်။ ကျန်းမာရေးကို ကောင်းစေတဲ့
အာနိသင် အမျိုးမျိုး ပါပါတယ်။

ပိုးစာရှကျtea
“Tsurezure Kirakira cha”
(၃၂)ထုပ် 2400yen

ဒီtea အတွက် သုံးထားတဲ့ ပိုးစာရွက်ဟာ ဂျပန်နိုင်ငံ Tangoဒေသမှာရှိတဲ့ ပိုးစာသီးခြံက ထုတ်တဲ့ ပိုးစာရွက်
ဖြစ်ပါတယ်။ အခုခေတ်မှာ နိုင်ငံတကာမှာ ပိုးစာရွက်tea က ခေတ်စားနေပါတယ်။

တခြားသစ်ရွက်တွေအားလုံးလည်း ဂျပန်မှာထုတ်တဲ့ သစ်ရွက်တွေပါ။ သစ်ရွက် (၆)မျိုးကို ရောထားပြီး
သဘာဝကို ခံစားနိုင်တဲ့tea လို ပြောနိုင်ပါတယ်။ ဓာတုပစ္စည်း လုံးဝ မသုံးထားပါဘူး။

ပိုးစာရှကျtea

Be-treeဆိုင်မှာ herb tea သောက်ရင်း ဂျပန်နိုင်ငံက နာမည်အရမ်းကြီးတဲ့ Tofukujiဘုရားကို
ကြည့်ရှုနိုင်ပါတယ်။ ဆိုင်မှာ herb teaတွေကို မ၀ယ်ခင် စမ်းသောက်ကြည့်လို့လည်း ရပါတယ်။ ဆိုင်မှာရော
onlineမှာပါ ၀ယ်ယူနိုင်ပါတယ်။

အပန်းပြေဖို့အတွက်ဖြစ်စေ၊ ဧည့်ခံဖို့အတွက်ဖြစ်စေ ကျန်းမာရေးကောင်းစေတတ်တဲ့ ဂျပန်ရိုးရာ herb
teaကို သောက်ကြည့်ကြပါနော်။

Be-tree wayakucha hompo teaဆိုင်

Be-tree wayakucha hompo teaဆိုင်

Kyotoမြို့ Higashiyamaရပ်ကွက် Honmachi 15-272-3 Atenaတိုက် မြေညီထပ်
ဆိုင်ပွင့်ချိန် 10:30-17:00
http://www.be-tree.net/