6.11.2016

[ဂ်ပန္ရိုးရာဝတ္စံု × lock အက × တူ]

နယူးဆောင်းပါး

OHASHI

ဂျပန်ရိုးရာဝတ်စုံဝတ်ပြီး lock အက ကပြသူအဖွဲ့ “OHASHI.” နဲ့ တွေ့ဆုံခဲ့ပါတယ်။


“OHASHI.” နဲ့ တွေ့ဆုံမေးမြန်းခြင်း

OHASHI

OHASHI. ဘယ်: Sattun ၊ ညာ: Macchan

[ဂျပန်နိုင်ငံ၊ ဂျပန်လူမျိုးအတွက် မရှိမဖြစ် ဖြစ်တဲ့အရာ]

Akochua: ဝတ်စုံ၊ အဖွဲ့နာမည်၊ အက တို့ကို ဂျပန်ရိုးရာယဉ်ကျေးမှုကိုမူတည်ပြီး ဖန်တီးထားတာလား။
Macchan: ဟုတ်ကဲ့။ Voice trainerဆရာနဲ့အတူတူ စဉ်းစားခဲ့ပါတယ်။ ဂျပန်ရိုးရာဝတ်စုံနဲ့ lock အက ကရင် ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ်လို့ ထင်ခဲ့တာပါ။
Sattun: ကျွန်မတို့ရဲ့ performance အတွက် ဂျပန်ဝတ်စုံက အကောင်းဆုံးပါ။
Macchan: ပြီးတော့ ကျွန်မတို့ရဲ့မျက်နှာက ဂျပန်စစ်စစ်မို့လို့ ဂျပန်ဝတ်စုံက အလိုက်ဖက်ဆုံးပါပဲ။ “OHASHI” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က “တူ” ဖြစ်ပါတယ်။ တူဟာ ဂျပန်လူမျိုးအတွက် ထမင်းစားတဲ့အခါမှာ မရှိမဖြစ် ဖြစ်တဲ့ပစ္စည်းပါ။ ဒါကြောင့် ကျွန်မတို့အဖွဲ့နာမည်အနေနဲ့ ဒီစကားလုံးကို ရွေးခဲ့တာပါ။
Akochua: “OHASHI.”ဆိုတဲ့ အဖွဲ့နာမည်ကို ဘာဖြစ်လို့ ဂျပန်စာမဟုတ်ဘဲနဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတာလဲ။
Akochua: အနာဂတ်မှာ ကျွန်မတို့အဖွဲ့က နာမည်ကြီးလာရင် နိုင်ငံခြားမှာလည်း live လုပ်ချင်လို့ပါ။

OHASHI

[lock အက အတွက် သီချင်း]

Akochua: အကသီချင်းကိုလည်း ဂျပန်ယဉ်ကျေးမှုနဲ့ လိုက်ဖက်တာကို ရွေးထားတာလား။
Macchan ၊ Sattun: သီချင်းကတော့ ဂျပန်ယဉ်ကျေးမှုနဲ့ မဆိုင်ပါဘူး။
Akochua: ဘာဖြစ်လို့လဲ။
Macchan: ကျွန်မတို့ ကတာက lock အက ဖြစ်တဲ့အတွက် ဂျပန်ယဉ်ကျေးမှု မဟုတ်ဘဲ lock အကနဲ့ လိုက်တဲ့သီချင်းကိုပဲ ရွေးထားပါတယ်။
Akochua: အကသီချင်းတွေကို ဘယ်သူ ဖန်တီးနေတာလဲ။
Macchan: ပထမမှာ သီချင်းရေးဆရာက ဖန်တီးပေးပြီး အဲ့ဒီနောက် ကျွန်မတို့လည်း ဆရာနဲ့အတူတူ ဆွေးနွေးစဉ်းစားနေပါတယ်။
Akochua: အဲ့ဒီ သီချင်းရေးဆရာက ဖန်တီးပေးတဲ့သီချင်းတွေကို ကြိုက်လား။
Sattun: အစတုန်းက သီချင်းရေးဆရာက သီချင်းအမျိုးမျိုးကို ဖန်တီးပေးခဲ့ပါတယ်။ သီချင်းတချို့က ကျွန်မတိုရဲ့ အကနဲ့ မလိုက်ဖက်လို့ သုံးလို့မရခဲ့ဘူး။ အခုကျတော့ ကျွန်မတို့ရဲ့အကကို ဆရာက ကောင်းကောင်း သိသွားပြီဖြစ်တဲ့အတွက် အဆင်ပြေနေပါပြီ။ သီချင်းအကုန်လုံးက ကျွန်မတို့ performance နဲ့ လိုက်ပါတယ်။
Akochua: အခုနောက်ပိုင်းကျတော့ အဲ့ဒီသီချင်းရေးဆရာက အစ်မတို့အတွက် ယုံကြည်အားကိုးရတဲ့ လူတစ်ယောက် ဖြစ်နေပြီနော်။ ဒါနဲ့ စကားမစပ် အစ်မတို့က အရင်ကတည်းက ဂျပန်ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားနေတာလား။
Sattun: ဟင့်အင်း။ ဒါပေမယ့် အရင်တုန်းက တစ်ခါတလေ အလုပ်ကိစ္စနဲ့ ရိုးရာဝတ်စုံ ဝတ်ခဲ့ရပါတယ်။
Macchan: ကျွန်မလည်း အရင်ကတော့ သိပ်စိတ်မဝင်စားခဲ့ဘူး။ မင်္ဂလာဧည့်ခံပွဲလိုမျိုး အရေးကြီးတဲ့ ပွဲတွေရှိတဲ့အခါမှာပဲ ရိုးရာဝတ်စုံဝတ်ခဲ့ပါတယ်။

OHASHI

[ချစ်စရာကောင်းလိုက်တာ…]

Akochua: အစ်မတို့နှစ်ယောက် ပထမဆုံးတွေ့တဲ့အခါ first impression က ဘယ်လိုဖြစ်ခဲ့တာလဲ။
Macchan: ချစ်စရာကောင်းလိုက်တာလို့ impression ရခဲ့ပါတယ်။
Sattun: ကျွန်မကတော့ အဲ့ဒီအခါမှာ Macchan ရဲ့ဆံပင်က ရွှေရောင်ဖြစ်တဲ့အတွက် “ကြောက်ဖို့ ကောင်းလိုက်တာ” လို့ ထင်မိခဲ့တာပါ။
Macchan:အင်း။ မှတ်မိတယ်။ မှတ်မိတယ်။

OHASHI

[အများကြီး မကဘူး]

Akochua:အကကို ဘယ်သူ စဉ်းစားနေတာလဲ။
Macchan:ကျွန်မပါ။
Akochua:အကသစ်ကို ဖန်တီးတဲ့အခါ ဘာကို သတိထားနေတာလဲ။
Macchan:ကျွန်မတို့က သီချင်းတစ်ပုဒ်ထဲမှာ အများကြီး မကပါဘူး။ အဲ့ဒါကို သတိထားပြီး အက ဖန်တီးနေပါတယ်။
Akochua:“အများကြီး မကပါဘူး” ဆိုတာ ဘာဖြစ်လို့လဲ။
Macchan:ဂျပန်ရိုးရာဝတ်စုံဟာ အင်္ကျီလက် ရှည်လို့ သီချင်းတစ်ပုဒ်ထဲမှာ မနားဘဲ ကရင် သိပ်မလှဘူး။ ပရိသတ်တွေ မျက်စိမရှုပ်အောင် သတိထားနေပါတယ်။
Akochua:အဲ့ဒါက ဂျပန်ဝတ်စုံနဲ့ အကကဖို့ အထူးသတိထားစရာပေါ့နော်။ Sattun ကတော့ အကကတဲ့အခါ တစ်ခုခု ခက်စရာ ရှိလား။
Sattun: Macchan ဖန်တီးပေးတဲ့အကက အရမ်းခက်လို့ အများကြီး လေ့ကျင်ရပါတယ်။
Macchan: ကျွန်မလည်း ကိုယ်ဖန်တီးထားတဲ့အကက ခက်တယ်လို့ ထင်ပါတယ်။ ကကြိုးကကွက်က ရှုပ်ပေမယ့် အများကြီး လေ့ကျင်ပြီး ကောင်းကောင်း ကတတ်ရင် အရမ်းမိုက်တယ်။

[ဆုတ်ဆိုင်းတာလည်း ဘဝပါပဲ]

OHASHI

OHASHI. KARAKURI DOLL “KARAKURI DOLL-Single”
http://itun.es/jp/GdlAdb

Akochua:အစ်မတို့ အခု CD အသစ် ရောင်းချနေတယ်နော်။
Macchan: ဟုတ်ကဲ့။ ဒီ CD ထဲမှာ rockသီချင်း နှစ်ပုဒ် ပါပါတယ်။ နားထောင်ကြည့်ကြပါ။
Sattun: ကျွန်မတို့ သီချင်းဟာ happy end မဟုတ်ဘူး။
Macchan: “ဆုတ်ဆိုင်းတာလည်း ဘဝပါပဲ”ဆိုတာက ကျွန်မတို့သီချင်းရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ လူတိုင်းမှာ ပျော်စရာကောင်းတဲ့အချိန်ပဲမဟုတ်ဘဲ စိတညစ်ရတဲ့အခါလည်း ရှိပါတယ်။ အဲ့ဒါလည်း လူ့ဘဝဖြစ်ပြီး ရှောင်လို့မရဘူးလို့ သီချင်းထဲမှာ ပြောပြချင်တာပါ။
Akochua:ဟုတ်လား။ အစ်မတို့ နက်ဂတစ် ဖြစ်တဲ့အခါ ရှိလား။
Macchan: ခဏခဏပါပဲ။
Sattun: အင်း။ Macchan က အမြဲတမ်းပေါ့နော်။ ကျွန်မကတော့ နက်ဂတစ် သိပ်မဖြစ်ပါဘူး။
Akochua:ဟုတ်ကဲ့ပါ။ ဒီသီချင်းတွေကို ဘယ်သူကို နားထောင်စေချင်တာလဲ။
Macchan: မိန်းကလေးတွေကို နားထောင်စေချင်ပါတယ်။
Akochua: ဘာဖြစ်လို့လဲ။
Macchan: ဂျပန်ရိုးရာဝတ်စုံက ဘယ်လောက်လှသလဲ ဆိုတာကို သိစေချင်လို့ပါ။ တကယ်တော့ ဂျပန်ဝတ်စုံက အရမ်းကောင်းပေမယ့် ဝတ်တဲ့လူ သိပ်မများပါဘူး။
Sattun: အင်း။ ဂျပန်လူမျိုး အများစုက ရိုးရာဝတ်စုံကို အိမ်မှာပဲ သိမ်းထားပါတယ်။ မဝတ်တာက နှမြောစရာပါပဲ။
Macchan: တိုကျိုမြို့ Harajuku မှာ ချစ်စရာကောင်းတဲ့ ရိုးရာဝတ်စုံဆိုင်တွေ ရှိပါတယ်။ ကျွန်မတို့ရဲ့ အက ကြည့်ပြီး ဂျပန်ရိုးရာဝတ်စုံကို စိတ်ဝင်စားစေချင်ပါတယ်။

OHASHI

OHASHI

[မိုက်တဲ့ ဂျပန်နိုင်ငံ]

Akochua: အစ်မတို့က ဒီနောက်ပိုင်းမှာ OHASHI. အနေနဲ့ ဘာတွေလုပ်မယ်လို့ စိစဉ်ထားတာလဲ။
Macchan: ၂၀၂၀ ပြည့်နှစ် တိုကျိုမြို့မှာ အိုလံပစ်အားကစားပွဲရှိလို့ ကျွန်မတို့လည်း အိုလံပစ်နဲ့ ပတ်သက်တဲ့ performance လုပ်ချင်ပါတယ်။
Sattun: ပြီးတော့ နိုင်ငံခြားမှာလည်း live လုပ်ကြည့်ချင်ပါတယ်။ “ဂျပန်နိုင်ငံ အရမ်းမိုက်တယ်”လို့ သိစေချင်တာပါ။
Akochua: ဟုတ်ကဲ့ပါ။ ဒီနေ့ လာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
Sattun၊ Macchan: ကျေးဇူးတင်ပါတယ်။


OHASHI

OHASHI. ဆိုတာ…

ဂျပန်ရိုးရာဝတ်စုံ ဝတ်ပြီး lock အက ကပြတဲ့အဖွဲ့ ဖြစ်ပြီး သူတို့ရဲ့အကဟာ ပရိသတ်တွေကို ဆွဲဆောင်တတ်ပါတယ်။ “ဆုတ်ဆိုင်းတာလည်း ဘဝပါပဲ”ဆိုတာက သူတို့ရဲ့ဆောင်ပုဒ်တစ်ခု ဖြစ်ပါတယ်။

OHASHI.
official WEB>> http://ohashimaru.jimdo.com/
Twitter>>https://mobile.twitter.com/matsusa8

Sattun
Twitter>> https://mobile.twitter.com/s17dm


Wafulu ဆောင်းပါးရေးသူ

OHASHI

Akochua

ကျွန်မရဲ့အမေဟာ သူများကိုပျော်စေတာ အရမ်းကြိုက်ပြီး အဖေဟာ ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်တာ ကြိုက်ပါတယ်။ (ကျွန်မလည်း အတူတူပဲပါ။) အသက် ရှစ်နှစ် ကတည်းက သီချင်းရေးတာ ဝါသနာပါပါတယ်။
spoon+ ကို ထုတ်ပြီးတော့ ၂၀၁၄ ခုနှစ်ကတည်းက WEBဆိုင် “ GEEKCLOTHING” မှာ အင်္ကျီဒီဇိုင်း ရေးနေပါတယ်။ ပြီးတော့ PV ရိုက်ခြင်း၊ ဖက်ရှင်ဆိုင်ရာအကြံပေးခြင်း၊ narrator၊ MC၊ မော်ဒယ် စတဲ့ အလုပ် အမျိုးမျိုး လုပ်နေပါတယ်။

[Twitter] https://twitter.com/acocream
[Facebook] https://www.facebook.com/acochualove
[official WEB] http://spoon-web.net