1.9.2017

wafulu editor က မိတ်ဆက်ပေးချင်တဲ့ ဂျပန်ပစ္စည်းလေး VOL.10wafulu editor က မိတ်ဆက်ပေးချင်တဲ့ ဂျပန်ပစ္စည်းလေး VOL.10

နယူးဆောင်းပါး

 Coshell2
046 Coshell2 ဆိုင်က ပစ်တိုင်းထောင်
Coshell2 ဆိုင်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်း Iwateခရိုင်မှာရှိတဲ့ ဂျပန်ရိုးရာလက်ရာဆိုင် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံမှာ ငလျင်ပြင်းပြင်းထန်ထန်လှုပ်ခဲ့ပြီး လူအများကြီးသေဆုံးသွားပါတယ်။ အိမ်ရာတွေလည်း တော်တော်များများ ပျက်စီးသွားပါတယ်။ အဲဒီအခါက စပြီး ဒီဆိုင်ဟာ “လဲသွားရင်လည်း ပြန်ထနိုင်တယ်” ဆိုတဲ့ message ပြချင်လို့ ဒီပစ်တိုင်းထောင် ထုတ်နေတာဖြစ်ပါတယ်။
LLP Shimanto Komekomarintou
047 LLP Shimanto Komekomarintou
Karintou ဆိုတဲ့ မုန့်သိလား။ ရှေးကတည်းက ဂျပန်လူမျိုးတွေကြိုက်ကြတဲ့ မုန့်လေးဖြစ်ပါတယ်။ ဆန်မှုန့်ကို ကြော်ပြီး သကြားဖြူးထားပါတယ်။ ကော်ဖီနဲ့ အရမ်းလိုက်ဖက်တဲ့ အရသာပါ။ Packageက ချစ်စရာကောင်းလို့ လက်ဆောင်အနေနဲ့ပေးဖို့လည်း ကောင်းတဲ့မုန့်လေးဖြစ်ပါတယ်။
Kontex Towel Garden
048 Kontex Towel Garden ဆိုင္က လက္ကိုင္ပဝါ
048 Kontex Towel Garden ဆိုင်က လက်ကိုင်ပဝါ
ဂျပန်နိုင်ငံ Imabariမြို့ဟာ အဆင့်မြင့်တဲ့ လက်ကိုင်ပဝါထုတ်လုပ်တဲ့မြို့ ဆိုတဲ့ အရမ်းနာမည်ကြီးတဲ့မြို့ ဖြစ်ပါတယ်။ Kontex Towel Gardenဆိုင်လည်း Imabariမြို့မှာရှိပြီး လှပတဲ့ လက်ကိုင်ပဝါ အမျိုးမျိုးရောင်းနေပါတယ်။ ရာသီအလိုက် ရောင်းတဲ့ဒီဇိုင်းတွေ မတူပါဘူး။ ဂျပန်လူမျိုးတွေပဲ မဟုတ်ဘဲနဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေလည်း ကြိုက်ကြပါတယ်။
Kinmakie
049 Asano Shotenဆိုင္က Kinmakie
049 Asano Shotenဆိုင်က Kinmakie
Kinmakie လို့ခေါ်တဲ့ ဂျပန်ရိုးရာလက်ရာကို သိလား။ ယွန်းထည်ရဲ့ အပေါ်ယံမှာ ရွှေမှုန့်နဲ့ ပုံဆွဲထားတဲ့ လက်ရာဖြစ်ပါတယ်။ Asano Shotenဆိုင်ဟာ Kinmakie ရဲ့ sticker ရောင်းနေပါတယ်။ အခု ဂျပန်နိုင်ငံမှာ ဒီstickerကို ဖုန်းcaseမှာ ကပ်တာ ခေတ်စားနေပါတယ်။
Nazuna Kogei
050 Nazuna Kogeiဆိုက်က Fuji တောင် ရင်ထိုး
Nazuna Kogeiဆိုင်ဟာ ကြွေထည် ထုတ်လုပ်နေတဲ့ဆိုင် ဖြစ်ပါတယ်။ ရိုးရာပုံစံပဲ မဟုတ်ဘဲနဲ့ လူငယ်တွေကြိုက်ကြတဲ့ ချစ်စရာကောင်းတဲ့ ရင်ထိုးလေးတွေလည်း ရောင်းနေပါတယ်။ Fujiတောင်၊ ငှက်၊ အသီး စတဲ့ ပုံစံတွေ အမျိုးမျိုးရှိပြီး customerတွေကို ဆွဲဆောင်နေတာပါ။ ကြွေထည်သင်တန်းလည်း တစ်ခါတလေ ပွင့်နေပါတယ်။

ယူနီကုဒ်ဖောင့်သို့ပြောင်းလဲရန်