25.7.2017
နယူးဆောင်းပါး
“Omotenashi” ဆိုတဲ့ဂျပန်စကား ကြားဖူးလား။ “ဧည့်သည်ကို လေးစားဂုဏ်ပြုစွာ ဧည့်ခံသည်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် တိုကျို Olympic ရဲ့ ခေါင်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတကာက ဂျပန်နိုင်ငံရဲ့ Omotenashi spirit ကို စိတ်ဝင်စားနေတာပါ။
ဒီနေ့ မိတ်ဆက်ပေးမယ့် therapist (ရိုးရာအပ်စိုက်ဆရာ) လည်း ဂျပန် Omotenashi spirit ကို အလေးထားပြီး ပြင်သစ်နိုင်ငံ Niceမြို့မှာ အလုပ်လုပ်နေပါတယ်။
ဦး Satoshi Yaku
ဦး Satoshi Yaku
Omotenashi
Profile
သူဟာ Esthetic ပညာ၊ အပ်စိုက်ပညာ၊ အရိုးရကြောကိုင်တွယ်ပြုပြင်ပညာ၊ Aromatherapy ပညာတို့ကို သင်ခဲ့ပါတယ်။
Official website http://www.satoshiyaku.com/
အရင်တုန်းက ဂျပန်နိုင်ငံမှာ ဆယ်နှစ်ကျော် အပ်စိုက်ဆရာအနေနဲ့ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ အခုတော့ ဘာဖြစ်လို့ ပြင်သစ်နိုင်ငံမှာနေတာလဲ စတဲ့ မေးခွန်တွေ Interview လုပ်ကြည့်ကြရအောင်။
Omotenashi
လူဆိုတာ ကျန်းမာရေးကောင်းပြီးမှ ရုပ် နဲ့ စိတ် လှနိုင်တယ်
Q ဘာဖြစ်လို့ ပြင်သစ်နိုင်ငံမှာ အလုပ်လုပ်နေတာလဲ။
A အရင်တုန်းက ကျွန်တော် ဂျပန်နိုင်ငံမှာ Esthetic ပညာ သင်ပြီးတော့ Esthetician အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ အခု Esthetician လုပ်တဲ့ယောက်ျားလေး များလာပေမယ့် အရင်ကတော့ အရမ်းနည်းတယ်။
Esthetic ဆိုတာ “အကောင်းဆုံး Omotenashi လုပ်ပေးတဲ့အလုပ်” လို့ ကျွန်တော်ထင်ပါတယ်။ Esthetic ဟာ ပြင်သစ်နိုင်ငံမှာ ပေါ်လာတဲ့ပညာရပ်တစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ဂျပန်ကနေ ပြင်သစ်လာပြီးတော့ Paris၊ Nice၊ Alsace စတဲ့ မြို့ကြီးမှာရှိတဲ့ salon ဆိုင်တွေသွားပြီး Esthetic လုပ်နည်းကို လေ့လာခဲ့ပါတယ်။ အဲဒီအခါ Estheticနည်း တော်တော်တိုးတက်နေတဲ့ ဥရောပနိုင်ငံတွေထက် ဂျပန်နိုင်ငံ ရဲ့ Esthetic က ပိုကောင်းတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ဥရောပ နဲ့ ဂျပန် Esthetic ဘာကွာလဲ ဆိုတော့ Omotenashi စိတ်ပေါ့။ Esthetician ဟာ Customerအတွက် ဘာလုပ်ပေးနိုင်မလဲ၊ Customerက ဘာတွေလိုအပ်နေတာလဲ ဆိုတဲ့အရာတွေကို အမြဲ စဉ်းစားထားရမှာပါ။ ဒါကြောင့် Omotenashi စိတ် မမေ့ဘဲနဲ့ Customerအတွက် လုပ်ပေးတတ်တဲ့ ဂျပန် Esthetic က ပိုကောင်းတယ်လို့ ထင်တာပါ။
လူဆိုတာ ကျန်းမာရေးကောင်းပြီးမှ ရုပ် နဲ့ စိတ် လှနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် Customerတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်အောင် အပ်စိုက်ပညာ၊ အရိုးအကြောကိုင်တွယ်ပြုပြင်ပညာ၊ Aromatherapy ပညာတို့လည်း ထပ်ပြီး သင်ခဲ့တာပါ။ သင်ခဲ့တဲ့ အသိပညာတွေ အသုံးပြုပြီး Customerတွေကို အဆင့်မြင့်တဲ့ Esthetic လုပ်ပေးနေပါတယ်။
သူများနဲ့ လေးလေးစားစားဆက်ဆံတယ်၊ သူများကို အမြဲ ဦးစားပေးတယ်ဆိုတဲ့ ဂျပန် Omotenashi ယဉ်ကျေးမှုကို ကျွန်တော် ပြင်သစ်နိုင်ငံကတစ်ဆင့် တခြားဥရောပနိုင်ငံတွေကိုလည်း သိစေဖို့ ဆောင်ရွက်သွားပါမယ်။
Omotenashi
Omotenashi
ပြင်သစ် စတဲ့ ဥရောပနိုင်ငံသားတွေဟာ ကိုယ်ရဲ့ ခံစားမှု၊ ထင်မြင်ချက်တို့ကို မဝှက်ဘဲနဲ့ ဖွင့်ဖွင့်လင်းလင်း ပြောပြတတ်တယ်။ ကိုယ့်စကားကိုနားထောင်ပြီး သူများဘယ်လိုခံစားမလဲ ဆိုတာကို သေသေချာချာ မစဉ်းစားတတ်တဲ့လူလည်း ရှိပါတယ်။ သူများအတွက် စဉ်းစားတတ်တဲ့စိတ်၊ လေးစားတတ်တဲ့စိတ်က ဘယ်လောက်လောက် အရေးကြီးလဲ ဆိုတာကို စဉ်းစားစေချင်တယ်။ နားလည်စေချင်တယ်။ လူမှုကွန်ရက် အဆင်ပြေမှ ဘဝအောင်မြင်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အသိအမျိုးတွေနဲ့ အဆင်မပြေရင် ဘဝအောင်မြင်မှု မမျှော်လင့်နိုင်ဘူးပေါ့နော်။
Omotenashi
Massage နဲ့ Esthetic ထဲမှာ ဂျပန်နိုင်ငံရဲ့ Omotenashi ယဉ်ကျေးမှုကို ထည့်သွင်းပြီး လူအများကို Omotenashiစိတ် သိစေနိုင်အောင် ကြိုးစားသွားပါမယ်။
Omotenashi
၂၀၁၇ ခုနှစ် ဇူလိုင်လ ပြင်သစ်နိုင်ငံတောင်ပိုင်း Niceမြို့မှာလုပ်ခဲ့တဲ့ ဟောပြောပွဲ
လူမျိုး မတူပေမယ့် ကျွန်တော်တို့မှာ ကွာခြားမှု မရှိပါ
ဦးYaku ဟာ Therapist အလုပ်ပဲ မဟုတ်ဘဲနဲ့ ဟောပြောပွဲ၊ သင်တန်းလည်း အကြိမ်ကြိမ် ဖွင့်နေပါတယ်။
Omotenashi
“စကား၊ ယဉ်ကျေးမှုတို့ဟာ နိုင်ငံ၊ လူမျိုးအလိုက် မတူဘူး။ ကျွန်တော် ပြင်သစ်စကား မကျွမ်းသေးဘူး။ ဒါပေမယ့် ကိုယ့်ပြောချင်တာကို ရှင်းရှင်းလင်းလင်း ပြောပြရင် ပရိသတ်တွေ နားလည်သွားတယ်။ ကျွန်တော် အမြဲ ဂရုစိုက်နေတာက စကားပြောတဲ့အခါ စကားလုံးမသိလို့ ပြောပြဖို့ ခက်ရင်လည်း စိတ်မလျှော့ဘဲ သေသေချာချာပြောပြဖို့ ဂရုစိုက်နေပါတယ်။ ဂျပန် Omotenashi ယဉ်ကျေးမှုကို လူအများကိုသိစေဖို့ ဆက်ကြိုးစားသွားပါမယ်” လို့ ဦYakuက ပြောပါတယ်။
ဦးSatoshi Yaku
ဦးSatoshi Yaku
www.satoshiyaku.com
ပြင်သစ်နိုင်ငံမှာပဲ မဟုတ်ဘဲ ဂျပန်နိုင်ငံ တိုကျိုမြို့ Omotesando မှာလည်း salonဆိုင်ရှိပါတယ်။ Weight ချချင်တဲ့လူ၊ စိတ်ဖိစိမှုပျောက်စေချင်တဲ့လူ အတွက် menu ရှိပါတယ်။ စျေးက နှစ်နာရီ 36000yen ဖြစ်ပါတယ်။ Website ကတစ်ဆင့် reserve လုပ်နိုင်ပါတယ်။
Wafulu ဆောင်းပါးရေးသူ
Akochua
Akochua
ကျွန်မရဲ့ အမေဟာ သူများကိုပျော်စေတာ အရမ်းကြိုက်ပြီး အဖေဟာ ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်တာ ကြိုက်ပါတယ်။ (ကျွန်မလည်း အတူတူပါပဲ။) အသက် ရှစ်နှစ် ကတည်းက သီချင်းရေးတာ ၀ါသနာပါပါတယ်။
spoon+ ကို ထုတ်ပြီးတော့ ၂၀၁၄ ခုနှစ်ကတည်းက WEBဆိုင် “ GEEKCLOTHING” မှာအင်္ကျီဒီဇိုင်း ရေးဆွဲနေပါတယ်။ ပြီးတော့ PV ရိုက်ခြင်း၊ ဖက်ရှင်ဆိုင်ရာ အကြံပေးခြင်း၊ narrator၊ MC၊ မော်ဒယ် စတဲ့ အလုပ်အမျိုးမျိုး လုပ်နေပါတယ်။
[Twitter] https://twitter.com/acocream
[Facebook] https://www.facebook.com/acochualove
[official WEB] http://spoon-web.net
ယူနီကုဒ်ဖောင့်သို့ပြောင်းလဲရန်