28.12.2016

Vol.5 Manidou Fu-sui ဗေဒင် Spiritual Place လေ့လာခြင်း No.5

နယူးဆောင်းပါး

ဆရာမ ဒေါ်Kumiko

အရင်တုန်းက လူတွေက Edo ရဲတိုက်ကို Fu-sui ဗေဒင် (*တရုတ်ရိုးရာဗေဒင်တစ်မျိုး) အရ တည်ဆောက်ခဲ့ပါတယ်။ တိုကျိုမြို့မှာ Fu-sui ဗေဒင်ကိုမူတည်ပြီးဆောက်ထားတဲ့ နတ်နန်း၊ ဘုရား၊ နေအိမ်တွေ အများကြီးရှိပါတယ်။

Manidou Fu-sui ဗေဒင်ကျောင်း ဆရာမ ဒေါ်Kumiko နဲ့အတူတူ spiritual place ကို လေ့လာကြည့်ကြရအောင်။

[Spiritual place: Meiji နတ်နန်း] (တိုကျိုမြို့ Shibuya ရပ်ကွက်)

အကျိုးကျေးဇူး:

Meiji နတ်နန်းမှာ စိတ်ဖိစီးမှု သက်သာစေခြင်း၊ ငွေကံကောင်းစေခြင်း စတဲ့ အကျိုးအာနိသင် ရနိုင်ပါတယ်။ Fu-sui ဗေဒင်မှာ “ရေ” ဟာ အမြတ်တနိုးထားရဆုံးဖြစ်တဲ့ ပစ္စည်းဥစ္စာဖြစ်ပါတယ်။ ပစ္စည်းဥစ္စာဆိုတာက များလွန်းရင် လူ့ဘဝ၊ လူ့စိတ်သဘာဝတို့ကို ဆိုးကျိုးပေးတတ်တဲ့အရာလည်း ဖြစ်ပါတယ်။

Meiji နတ်နန်းမှာ သစ်ပင် အများကြီးစိုက်ထားပါတယ်။ “Gogyou (*တရုတ် ဒသာနိကဗေဒတစ်မျိုး)”မှာ သစ်ပင်တွေကို ရေစုတ်ပေးတဲ့အတွက် အရေးကြီးတဲ့အရာလို့ သတ်မှတ်ထားပါတယ်။ သစ်ပင်များရင် ရေများလွန်းခြင်းကို ကာကွယ်နိုင်တာကြောင့် သစ်ပင်အများကြီးရှိတဲ့ Meiji နတ်နန်းဟာ လူတွေကို အကျိုးကောင်းပေးတဲ့ spiritual place ဖြစ်ပါတယ်။

Meiji နတ်နန်း

●ခရီးသည်ဝင်ရောက်မှု အများဆုံးဖြစ်တဲ့ Meiji နတ်နန်း

Wafulu editor: အရင်တစ်ခါ မိတ်ဆက်ခဲ့တဲ့ Omotesando ကနေ Meiji နတ်နန်းကို လမ်းလျှောက်လာနိုင်ပါတယ်။ ခရီးသည် အရမ်းများတယ်နော် ဆရာမ။ Hatsumode (*နှစ်သစ်မှာ ပထမဆုံး နတ်ကွင်းသွားခြင်း) ကာလ နီးနေလို့ Meiji နတ်နန်းအကြောင်း သိချင်ပါတယ်။

ဒေါ်Kumiko: အရင်တစ်ခါသွားတဲ့ Omotesando နဲ့ Meiji နတ်နန်း နှစ်ခုစလုံး spiritual place ဖြစ်ပေမယ့် ရနိုင်တဲ့အကျိုးကျေးဇူးကတော့ မတူဘူး။ Omotesando ဟာ Meiji နတ်နန်းရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့လမ်းပေါ့နော်။ Omotesando ကနေ Meiji နတ်နန်းကို လူတွေအများကြီးလမ်းလျှောက်ရင် အရှေ့တောင်ဘက်ရဲ့ အကျိုးအာနိသင်ကို Meiji နတ်နန်းအထိ သယ်နိုင်တယ်။ စိတ်ဝင်စားစရာကောင်းတယ်နော်။

Wafulu editor: ဟုတ်ကဲ့ ဆရာမ။ Meiji နတ်နန်းဟာ ၁၉၂၀ ပြည့်နှစ်မှာတည်ဆောက်ခဲ့တဲ့ နတ်နန်းဖြစ်ပါတယ်။ ဘာဖြစ်လို့ နှစ်ပေါင်းအကြာကြီး ခရီးသည် ဆက်မပြတ် လာနေကြလဲ။

ဒေါ်Kumiko: Meiji နတ်နန်းမှာရနိုင်တဲ့ အကျိုးအာနိသင်ဟာ Fuji ရိုးမဒေသကလာတဲ့ “နဂါးအင်အား” တစ်မျိုးပါ။ ဒီမှာ နဂါးကရတဲ့ လေကောင်းလေသန့်ကို ရှူနိုင်တယ်။ တိုကျိုမြို့မှာ Meiji နတ်နန်းလို သစ်ပင်၊ သဘာဝများတဲ့နေရာ သိပ်မရှိဘူး။

Wafulu editor: ဟုတ်ကဲ့၊ ဒီမှာလမ်းလျှောက်ရင် သဘာဝကိုခံစားနိုင်ပါတယ်။

ဒေါ်Kumiko: ဟိုးအရင်တုန်းက ဒီမှာ Higoဂိုဏ်း ဥက္ကဌ ဦးKato ရဲ့နေအိမ်ရှိလို့ အထဲဝင်လို့မရခဲ့ဘူး။ အခုမှာတော့ ဘယ်သူမဆို ဝင်လို့ရပြီ။

Wafulu editor: စနေ၊ တနင်္ဂနွေမှာ ခရီးသည်များလို့ ကြားရက်မှာလာရင် အေးအေးဆေးဆေး လေ့လာနိုင်ပါတယ်။

●Meiji နတ်နန်းရဲ့ မြောက်ပိုင်းနဲ့တောင်ပိုင်း

Wafulu editor: Meiji နတ်နန်းကိုလာရင် ဘယ်အဆောင်ကို လေ့လာသင့်လဲ။

ဒေါ်Kumiko: Meiji နတ်နန်းထဲမှာ အကျိုးအာနိသင် အများဆုံးရနိုင်တဲ့နေရာက ဗဟိုဆောင်ပါ။ ပြီးတော့ ဗဟိုဆောင်ရဲ့မြောက်ဘက်မှာရှိတဲ့ ရတနာပစ္စည်းဆောင်၊ ဗဟိုဆောင်ရဲ့တောင်ဘက်မှာရှိတဲ့ Kakuuntei ဆောင်တို့မှာလည်း အကျိုးအာနိသင် ရနိုင်ပါတယ်။ ဒါပေမယ့် မြောက်ဘက်နဲ့တောင်ဘက်ရဲ့ အကျိုးအာနိသင်အမျိုးအစားက မတူဘူး။ ဘယ်လိုမတူသလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်ကြပါ။ တရုတ်နိုင်ငံ ပေကျင်းမြို့မှာရှိတဲ့ ရှေးဟောင်းနတ်နန်းလည်း အရပ်မျက်နှာအလိုက် အကျိုးအာနိသင် မတူဘူး။

Wafulu editor: ကျွန်မ Meiji နတ်နန်းကိုလာတဲ့အခါတိုင်း Kiyomasanoido (ရေတွင်း) ကိုသွားကြည့်တယ်။ Kiyomasanoido ကို Higoဂိုဏ်း ဥက္ကဌ ဦးKiyomasa Kato က တူးဖော်ခဲ့ပါတယ်။ အရင်က ဖုန်းထဲမှာ ဒီရေတွင်းရဲ့ဓာတ်ပုံရှိရင် ငွေကံကောင်းလာမယ်လို့ ခေတ်စားခဲ့တာလည်းရှိပါတယ်။

ဒေါ်Kumiko: Kiyomasanoido မှာရနိုင်တဲ့ အကျိုးအာနိသင်က ငွေကံကောင်းစေတယ်။ ရေတွင်းထဲက ရေက အရမ်းကြည်လင်တယ်နော်။

Kiyomasanoido

●၂၀၁၇ ခုနှစ်မှာ ဘာတွေဖြစ်မလဲ။

Wafulu editor: ဒီတစ်ခါ Manidou Fu-sui ဗေဒင် spiritual place လေ့လာခြင်းက ၂၀၁၆ ခုနှစ် နောက်ဆုံးတစ်ခါပါ။ နောက်နှစ်မှာ ဘာတွေဖြစ်မယ်လို့ ခန့်မှန်းထားတာလဲ ဆရာမ။

ဒေါ်Kumiko: Fu-sui ဗေဒင်မှာ “နဂါးအင်အား” က အရေးအကြီးဆုံးဖြစ်ပြီး နဂါးကလှုပ်ရှားရွေ့လျားရင် ကောင်းကင်၊ မြေကြီး၊ ခေတ်၊ လူ့ဘဝတို့ကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ ၂၀၁၇ ခုနှစ်မှာ လူလတ်ပိုင်း အမျိုးသမီးတွေက လူမှုရေးမှာ အရေးပါလာမယ်။ သက်ကြီးရွယ်အို၊ လူငယ်တွေ မဟုတ်ဘူး။ လူလတ်ပိုင်း အမျိုးသမီးတွေက စာပေ၊ အနုပညာ၊ ဥပဒေ၊ ဖက်ရှင် စတဲ့ကဏ္ဍတို့မှာ တက်ကြွလှုပ်ရှားလာမယ်လို့ ခန့်မှန်းထားတယ်။

Wafulu editor: ၂၀၁၆ ခုနှစ် တိုကျိုမြို့မှာ အိုလံပစ်အားကစားပွဲတော်၊ Tsukiji ဈေး စတဲ့ကိစ္စအမျိုးမျိုးရှိခဲ့ပါတယ်။ တိုကျိုမြို့တော်ဝန် ဒေါ်Koike လည်း လူလတ်ပိုင်းမို့လို့ ၂၀၁၇ ခုနှစ်မှာ ပိုပြီး တက်ကြွလာနိုင်မယ်နော် ဆရာမ။

ဒေါ်Kumiko: ဟုတ်တယ်။ ၂၀၁၇ ခုနှစ်မှာ လူလတ်ပိုင်းအမျိုးသမီးတွေက လူမှုရေးကို အကျိုးအမြတ် များများပေးနိုင်မယ်။ ကေ၊ နောက်ဆုံးမှာ Eto (*တရုတ်ရိုးရာဗေဒင်ကိုမူတည်ပြီး ဖော်ပြထားတဲ့ သတ္တဝါ (၁၂) မျိုး။ မွေးနေ့အရ ဗေဒင်တွက်ပြီး လူတစ်ယောက်ကို သတ္တဝါ တစ်မျိုးရှိတယ်။) အလိုက် ၂၀၁၇ ခုနှစ်မှာ ဘာတွေဖြစ်မလဲဆိုတာကို ရှင်းပြပေးမယ်နော်။

Wafulu editor: ကျေးဇူးတင်ပါတယ် ဆရာမ။ ၂၀၁၇ ခုနှစ်မှာလည်း ကျန်းမာပျော်ရွှင်ပါစေ။

ဒေါ်Kumiko: ၂၀၁၇ ခုနှစ်မှာလည်း ပရိသတ်တွေကို Fu-sui ဗေဒင်အရ ဗဟုသုတ ပေးချင်ပါမယ်။

Wafulu editor: ဟုတ်ကဲ့ပါ။ ၂၀၁၇ ခုနှစ်မှာလည်း ဒီ Manidou Fu-sui ဗေဒင် Spiritual Place လေ့လာခြင်းကို ဖတ်ရှုလေ့လာကြပါနော်။

[ ကြွက် ]

“ပျော်စရာများတဲ့နှစ်” ငွေကံကောင်းတဲ့ကာလ ရှိမယ်။ လူမှုဆက်ဆံရေး ပြေလည်မယ်။ အခွင့်အလမ်းကောင်းကို မဆုံးရှုံးအောင် သတိထားပါ။

[ နွား ]

“မရှုံးတဲ့နှစ်” စီးပွားရေးအောင်မြင်မှု၊ ရာထူး၊ ပိုက်ဆံတို့ကို အကုန်လုံးရနိုင်ဖို့ အများကြီးကြိုးစားရင် တကယ်ရနိုင်မယ်။

[ ကျား ]

“တက်ကြွတဲ့နှစ်” အရာတစ်ခုခုကျွမ်းကျင်လာပြီး နာမည်လည်း ကြီးလာနိုင်မယ်။ ရာထူးတက်ခြင်း ဖြစ်နိုင်ခြေလည်း များတယ်။

[ ယုန် ]

“ဖြေရှင်းနိုင်တဲ့နှစ်” “Taisai (* အင်အားကြီးတဲ့ ကြာသပတေးဂြိုဟ်ရဲ့နတ် တစ်မျိုး)” ကနေ ကိုယ်ခန္ဓာ ကာကွယ်ပြီး ကျန်းမာရေးကို ဂရုစိုက်ရမယ်။ အပြောင်းအလဲ၊ ဒုက္ခတို့ကို ရင်ဆိုင်ရင် ကောင်းကောင်း စဉ်းစားပြီးမှ လုပ်ဆောင်ရမယ်။

[ နဂါး ]

“လူမှုဆက်ဆံရေးပြေလည်တဲ့နှစ်” သူငယ်ချင်းတွေက အစစအရာရာ တောက်ပံ့ကူညီပေးမယ်။ အချစ်ကိစ္စာလည်း အဆင်ပြေမယ်။

[ မြွေ ]

“အရှိန်ဟုန်တဲ့နှစ်” တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ရင် အခွင့်အလမ်းကောင်း ရနိုင်မယ်။ ကိုယ့်ကိုယ်ကို တိုးတက်စေနိုင်မယ်။

[ မြင်း ]

“အချစ်များတဲ့နှစ်” ရည်းစားနဲ့ အိမ်ထောင်ပြုရင်ကောင်းမယ်။ စီးပွားရေးသစ်စချင်ရင် ဆန့်ချင်ဘက်လိင်ကို လုပ်ငန်း partner အဖြစ် ရွေးသင့်တယ်။ နောက်ပိုင်းမှာ စီးပွားရေးအဆင်ပြေလာနိုင်မယ်။

[ သိုး ]

“အေးဆေးတဲ့နှစ်” သူများကို အပြစ်မတင်ဘဲ ကိစ္စာတွေကို ကိုယ်တိုင်ဖြေရှင်းရင် ကိုယ့်ကိုယ်ကို တိုးတက်စေနိုင်မယ်။

[ မျောက် ]

“အားကောင်းတဲ့နှစ်” တစ်ခါတလေ အဆင်မပြေတဲ့အချိန်လည်းရှိပေမယ့် စိတ်မပျက်ရဘူး။ လူမှုဆက်ဆံရေးပြေလည်အောင်ကြိုးစားရင် ကံကောင်းလာနိုင်မယ်။

[ ငှက် ]

“စိန်ခေါ်ရတဲ့နှစ်” မိဘ၊ သူငယ်ချင်းတို့က ဖိအားအများကြီး ပေးပေမယ့် စိတ်မညစ်ဘဲ ကြိုးစားရမယ်။ “Taisai” ရဲ့အင်အားကို အသုံးချနိုင်ရင် တစ်နှစ်လုံးအဆင်ပြေနိုင်မယ်။

[ ခွေး ]

“စောင့်ရတဲ့နှစ်” ကိုယ်ရဲ့ကျွမ်းကျင်မှုကို ပိုပြီး တိုးတက်စေနိုင်မယ့်ကာလဖြစ်ပြီး အချိန်ရောက်ရင် အောင်မြင်နိုင်မယ်။

[ တောဝက် ]

“လည်ပတ်တဲ့နှစ်” အကြံပေးပေးတဲ့လူကောင်းလူတော်တွေနဲ့ တွေ့နိုင်မယ်။ ဒါပေမယ့် သတိမထားရင် ဒုက္ခ ခဏခဏရောက်နိုင်မယ်။

(ကိုယ်ရေးရာဇဝင်)

ဒေါ် Kumiko Manidou

Kumiko Manidou

ဂျပန်နိုင်ငံ Nagoyaမြို့မှာမွေးခဲ့တယ်။ တက္ကသိုလ်ကျောင်းသူဘဝကတည်းက တရုတ်နိုင်ငံကို စိတ်ဝင်စားတယ်။ အိမ်ထောင်ပြုပြီး ဟောင်ကောင်ကို အိမ်ရွှေ့ခဲ့တယ်။ သမိုင်းရှိတဲ့ Fu-sui ဗေဒင်ကို စိတ်ဝင်စားပြီး Fu-sui ဗေဒင်ဆရာ ဦးDavid So ဆီမှာ လေ့လာသင်ယူခဲ့တယ်။ ၂၀၀၈ ခုနှစ် ဆရာ ဦးDavid So က ဒေါ် Kumiko ကို “ဗေဒင်ဆရာတစ်ယောက် အနေနဲ့ ကိုယ့်အားကိုယ်ကိုး ဗေဒင်တွက်လိုက်” လို့ တိုက်တွန်းခဲ့တယ်။ ဆရာ ဦးDavid So ကွယ်လွန်ပြီးနောက် ဟောင်ကောင်မှာ နာမည်ကြီးတဲ့ Fu-sui ဗေဒင်ဆရာတွေဆီမှာ လေ့လာပြီး “ဗေဒင် Sangoho Sangenho” ဗဟိုဌာန Kango ဂိုဏ်းကို ဝင်ခဲ့တယ်။ ဒေါ် Kumiko က အဲဒီဂိုဏ်းကိုဝင်ခဲ့တဲ့ ပထမဆုံးဂျပန်လူမျိုးဖြစ်ပြီး “၇၃ဦးမြောက် Manidou” ဆိုတဲ့ နာမည်သစ် ရခဲ့တယ်။ အခု ကုမ္ပဏီ၊ ဆိုင်တွေမှာ Seminar လုပ်နေတယ်။ Fu-sui ဗေဒင်ပဲမဟုတ်ဘဲ “Shinchu Suimei” “Takujitsu” လိုမျိုး တခြားဗေဒင်တွေနဲ့ Fu-sui ဗေဒင်ကို ပေါင်းပြီး ဂျပန်နိုင်ငံ နဲ့ တရုတ်နိုင်ငံမှာ ဗေဒင်တွက်နေတယ်။

Manidou ဗေဒင် နဲ့ ငွေကံကောင်း

ဒေါ် Kumiko ရဲ့စာအုပ “Manidou ဗေဒင် နဲ့ ငွေကံကောင်း” (Kosaido publishing)

Manidou ဗေဒင်ကျောင်း official website http://mannidou.com/

Manidou E-learning https://gogetterz.com/course-view-details/2229

Pocket page weekly “〜Manidou ဗေဒင် series〜ဗေဒင်ရဲ့အသည်းနှလုံး”

http://www.pocketpageweekly.com/tag/hikosaka/