1.8.2016

အရက်သောက်ဖို့ ရိုးရာရေခွက်

နယူးဆောင်းပါး

ဂျပန်အရက် sake အတွက် ခေတ်မီဒီဇိုင်းဖြစ်တဲ့ အထူးရေခွက်

Sake ဆိုတာ အခု နိုင်ငံတကာမှာ နာမည်ကြီးလာတဲ့ ဂျပန်အရက် ဖြစ်ပါတယ်။ Sake ဟာ ရိုးရာနည်းနဲ့ ထုတ်ထားပြီး သမိုင်းက အရမ်းရှည်တာပါ။ ဆိုင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ဂျပန်လူမျိုးတွေက sake ကို “ochoko” “tokkuri” ဆိုတဲ့ အထူးရေခွက်နဲ့ သောက်ကြပါတယ်။

ရှေးကတည်းက ဂျပန်လူမျိုးတွေဟာ ochoko နဲ့ tokkuri တို့ကို နှစ်သက်ပြီး သုံးစွဲလာကြပါတယ်။ အခုခေတ်မှာတော့ သူတို့ရဲ့ ဒီဇိုင်းတွေက ပိုပြီး လှပခေတ်မီနေတာကို တွေ့ရပါတယ်။ ဒီနေ့ ခေတ်မီ life style နဲ့ လိုက်ဖက်တဲ့ sake ရေခွက်တွေကို မိတ်ဆက်ပေးမှာပါ။

Nousaku ဆိုင်ဟာ sake သောက်ဖို့ အထူးရေခွက်တွေကို ထုတ်လုပ်ရောင်းချနေတဲ့ ဆိုင်ဖြစ်ပါတယ်။

ochoko tokkuri_1

ဒီရေခွက်ဟာ သံဖြူဒြပ်စင်နဲ့ လုပ်ထားပါတယ်။ ဒီရေခွက်ကို နှစ်မိနစ်၊ သုံးမိနစ်လောက် ရေခဲသေတ္တာထဲမှာ ထည့်ပြီး အအေးပေးပြီးမှ sake သောက်ရင် ပိုပြီး သောက်လို့ ကောင်းပါတယ်။ ရေခွက်ရဲ့ အပေါ်ယံမှာ ရွှေကပ်ထားပါတယ်။

ochoko tokkuri

ဂျပန်နိုင်ငံ Toyama ခရိုင် Takaoka မြို့ ရဲ့ ရိုးရာလက်ရာကို မူတည်ပြီး ဒီလို ရေခွက်မျိုးကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက တစ်ခုပြီးမှတစ်ခု အသေးစိတ်ထိ လှအောင်လုပ်ထားပါတယ်။

နောက်တစ်ခု မိတ်ဆက်ပေးချင်တာက “sumi ရေခွက် gift set” ဖြစ်ပါတယ်။ ဒါကို လက်ဆောင်ပေးဖို့ လာဝယ်တဲ့လူ တော်တော်များနေပါတယ်။

ochoko tokkuri

ochoko tokkuri

ငှက်ပုံစံလိုမျိုး လုပ်ထားတဲ့ ဒီရေခွက်ဟာ ကြွေထည်ဖြစ်ပါတယ်။ ရေခွက်အနေနဲ့ မဟုတ်ဘဲနဲ့ အခန်းကို အလှဆင်ဖို့ အလှဆင်ပစ္စည်းအနေနဲ့ သုံးလို့လည်း ရပါတယ်။

ochoko tokkuri

ဒီgift setကို ဝက်ဆိုက်ကတစ်ဆင့် မှာရင် အိမ်ကို ပို့ပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။ ဒီgift set နဲ့ sake ကို အတူတူ လက်ဆောင်ပေးပြီး ဂျပန်ယဉ်ကျေးမှုကို ခံစားစေချင်တာဖြစ်ပါတယ်။

Nousaku HP
http://www.nousaku.co.jp

Nousaku online shopping
http://www.shopnousaku.com

sumi ရေခွက် gift set
https://www.caina.jp/commodity_detail/54711623