25.7.2016

Mizu Uchiwa နဲ့ မီးစရိတ် လျှော့

နယူးဆောင်းပါး

Mino ဒေသ ရိုးရာစက္ကူကို သုံးထားတဲ့ အသုံးဝင်ယပ်တောင် Mizu Uchiwa

နွေရာသီ အရမ်းပူတဲ့ကာလမှာ လေအေးပေးစက် အစား ဂျပန်ရိုးရာယပ်တောင် “Mizu Uchiwa” ကို သုံးကြည့်ရအောင်။ Mizu Uchiwa ဟာဂျပန်နိုင်ငံ Mino ဒသေမှာ ထုတ်လုပ်တဲ့ ရိုးရာစက္ကူ “Washi” နဲ့ လုပ်ထားတဲ့ ယပ်တောင်ဖြစ်ပါတယ်။ ယပ်တောင်ရဲ့ အရိုး(၀ါးပင်)ပေါ်မှာ “Gampishi” ဆိုတဲ့ စက္ကူ ပါးပါးလေးကို ကပ်ပြီး အဲဒီအပေါ်မှာ အရောင်တင်ဆီ လိမ်းထားပါတယ်။

မီတာခ အများကြီးကုန်တဲ့ လေအေးပေးစက် အစား ယပ်တောင်သုံးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရအောင်။ ဒီ ယပ်တောင်ကို Ieda Shikouကုမ္ပဏီက ထုတ်လုပ်ရောင်းချနေပါတယ်။

ဒီဇိုင်း လှလှ လေးတွေအမျိုးမျိုးရှိပြီး ဂျပန်နိုင်ငံမှာ လူကြိုက်များလာနေတဲ့ item တစ်ခု ဖြစ်ပါတယ်။

Ieda Shikouကုမ္ပဏီ

http://www.iedashikou.com/