21.4.2017
Vol.9 Manidouေဗဒင္ Spiritual PlaceVol.9 Manidouဗေဒင် Spiritual Place
နယူးဆောင်းပါး
Manidou
တိုကျိုမြို့မှာရှိ Edo ရဲတိုက်ဟာ Fusui ဗေဒင်(*တရုတ်ရိုးရာဗေဒင်တစ်မျိုး) ကိုမူတည်ပြီးဆောက်ထားတဲ့ ရှေးဟောင်းအဆောက်အအုံဖြစ်ပါတယ်။ တိုကျိုမြို့မှာ ဗေဒင်အရဖန်တီးထားတဲ့ နတ်နန်း၊ဘုရား စတဲ့နေရာ(Spiritual Place)တွေ အများကြီးရှိပါတယ်။ တိုကျိုမြို့ဟာ Fusui ဗေဒင်နဲ့အတူ တိုးတက်စည်ကားလာတယ်လိ့ု ပြောနိုင်ပါတယ်။
Manidouဗေဒင်ကျောင်းက ဆရာမ ဒေါ်Kumiko က ဂျပန်နိုင်ငံရှိ Spiritual Place ကို မိတ်ဆက်ပေးပါမယ်။
[Spiritual Place: Zojoji ဘုရား (တိုကျိုမြို့ Minatoရပ်ကွက်)]
အာနိသငျ
အာနိသင်
Spiritual Place အနေနဲ့ ဒီနေရာမှာ ငွေကံကောင်းစေခြင်း၊ ငွေအင်အားကြီးမားစေခြင်း စတဲ့ ပိုက်ဆံနဲ့ ပတ်သတ်တဲ့ အာနိသင်တွေ ရှိပါတယ်။ ဆင်းရဲတဲ့လူ၊ စီးပွားရေးအဆင်မပြေတဲ့လူတွေ ဒီကိုလာရင် အခြေအနေ ပြောင်းလဲစေနိုင်ပါတယ်။
စိတ်ကိုကြည်နူစေတတ်တဲ့ Zojoji ဘုရား
Wafulu: Aprilလဆိုရင် Zojojiဘုရားမှာ ချယ်ရီပန်း အများကြီးတွေ့နိုင်တယ်နော် ဆရာမ။ ဒါကြေင့် ဒီနေ့ လူတော်တော်များနေလား မသိဘူး။
ဒေါ်Kumiko: အဲဒါပဲ မဟုတ်ဘူး။ ဒီနေ့ Honen Shonin(ဂျပန်ဘုဓ္ဒဘာသာ Jodoဂိုဏ်းရဲ့ ဆရာကြီး) ရဲ့ အမှတ်တရ အောက်မေ့ဖွယ်အခမ်းအနားလည်း လုပ်နေတာ။ ဒါပေမယ့် event မရှိတဲ့နေ့မှာလည်း Zojojiဘုရားမှာ အမြဲလူစည်ကားနေတယ်နော်။
Wafulu: ဟုတ်တယ် ဆရာမ။
Manidou02
ဒေါ်Kumiko: Zojojiဘုရား ပရဝုဏ်ရဲ့အလည်ပိုင်းမှာ Odono လို့ခေါ်တဲ့ အဆောင်ကြီးရှိတယ်။ ဒီအဆောင်ကြီးရဲ့တံခါးဟာ အရှေ့အရပ်နဲ့ မျက်နှာချင်းဆိုင်အောင် တပ်ဆင်ထားတယ်။ ဘာဖြစ်လို့လဲ သိလား။ ဒါက “လူကောင်းလူသန့် များများစုနိုင်တယ်” ဆိုတဲ့ အဓိပ္ပါယ်ပါ။ ကျွန်မတို့ Fusuiဗေဒင်မှာ အရှေ့အရပ်မှာ လူကောင်း နဲ့ လူကောင်းကို ဆက်သွယ်စေတဲ့ အင်အားရှိတယ်လို့ ယုံကြည်ကြပါတယ်။
Wafulu: ဟုတ်လား။ ဒါကြောင့် ဒီဘုရားမှာ လူစည်ကားတတ်တယ်လို့ ပြောနိုင်တယ်နော် ဆရာမ။
ဒေါ်Kumiko: အင်း။ အရင်တုန်းက Zojoji ဘုရားဟာ ဒီမှာ မရှိဘူး။ တခြားနေရာမှာ ရှိခဲ့တယ်။ အဲဒီနောက် ၁၅၉၈ ခုနှစ် Edoခေတ်မှာ ဒီနေရာကို ပြောင်းလာတာ။ ဂျပန်နိုင်ငံရဲ့ သမိုင်းဝင်ဘုရားတစ်ဆူလည်း ဖြစ်ပါတယ်။
လူစည်ကားစေတဲ့ အရပ်မျက်နှာ
Wafulu: ဘုရားမှာ လူစည်ကားရင် ဘယ်လိုမျိုး အကျိုးကောင်း ရှိလဲ။
ဒေါ်Kumiko: ဒေသခံတွေ ခဏခဏဘုရားဖူးရင် ဘာသာရေးကိုင်းရှိုင်းမှု ကြီးထွားလာကြတယ်။ ဘာသာရေးကိုင်းရှိုင်းမှုရှိတယ်ဆိုရင် လူတွေက ရိုးရိုးသာသာ၊ ယဉ်ယဉ်ကျေးကျေးနေတတ်တယ်။ ရန်မဖြစ်ကြဘူး။ သူခိုးမလုပ်ကြဘူး။
Wafulu: ဟုတ်တယ်။ မှန်ပါတယ် ဆရာမ။
ဒေါ်Kumiko: Edoခေတ်မှာ အစိုးရာက ဒေသခံတွေကို ကောင်းကောင်းထိန်းချုပ်နိုင်အောင် ဗေဒင်အရ အဆောင်ကြီးရဲ့ တံခါးကို အရှေ့အရပ်နဲ့ မျက်နှာချင်းဆိုင်အောင် တပ်ဆင်လိုက်တယ်လို့ ယူဆရပါတယ်။
Wafulu: အဆောင်ကြီးဘေးမှာ Edoခေတ်က နာမည်ကြီး ဗိုလ်ချုပ် Tokugawaတို့ ၆ ယောက်ရဲ့ ဗိမာန်ရှိပါတယ်။
Wafulu: ဟုတ်တယ်။ မှန်ပါတယ် ဆရာမ။
ဒျေါKumiko:Edoခေတ်မှာ အစိုးရာက ဒေသခံတွေကို ကောင်းကောင်းထိန်းချုပ်နိုင်အောင် ဗေဒင်အရ အဆောင်ကြီးရဲ့ တံခါးကို အရှေ့အရပ်နဲ့ မျက်နှာချင်းဆိုင်အောင် တပ်ဆင်လိုက်တယ်လို့ ယူဆရပါတယ်။
Manidou03
ဒေါ်Kumiko: ဒီဗိမာန်ဟာ အရှေ့အရပ် မဟုတ်ဘဲနဲ့ အရှေ့နဲ့အရှေ့တောင်စပ်ကြားရှိ အရပ်နဲ့ မျက်နှာချင်းဆိုင်အောင် ဆောက်ထားတယ်။ အရှေ့နဲ့အရှေ့တောင်စပ်ကြားရှိအရပ်မှာ စိတ်ဖိစိမှုကို ပျောက်စေပြီး ပျော်ရွှင်စိတ်၊ ကြည်နူးဖွယ်ပိတိစိတ်တွေ ခံစားစေတတ်တဲ့ အာနိသင် ရှိတယ်။
ငွေကံကောင်းစေတဲ့ နဂါး
ဒေါ်Kumiko: ဒီZojojiဘုရားဟာ ဗိုလ်ချုပ် Tokugawaက ဆောက်ခဲ့တဲ့ သမိုင်းဝင်တဲ့ ဘုရားဖြစ်ပါတယ်။ သူက ဘာဖြစ်လို့ ဒီနေရာမှာ ဘုရားတည်ဆောက်ခဲ့တာလဲ။ မှန်းကြည့်ပါ။
Wafulu: ဘာဖြစ်လို့လဲဆိုတော့ သဘာဝဘယ်အန ္တရယ် မရှိလို့လား။ ဒါမှမဟုတ်ရင် သယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေလို့လား…
Manidou04
ဒေါ်Kumiko: ဒီတံခါးကို ကြည့်။ ဒီမှာ နဂါးနဲ့ ရေမြောင်းရဲ့ပုံ ဆွဲထားတယ်မလား။ Fusuiဗေဒင်မှာ ရေရှိတဲ့နေရာမှာ ပိုက်ဆံဝင်လာတယ်၊ ပိုက်ဆံများများရနိုင်တယ်လို့ စဉ်းစားတယ်။ ပြီးတော့ နဂါးဟာ ရေကို ကောင်းကောင်းထိန်းချုပ်တတ်တယ်။ ဒီနေရာဟာ ဟိုးရှေးရှေးတုန်းက ပင်လယ်ပေါ်မှာရှိခဲ့တယ်။ ဒါကြောင့် ရေကိုထိန်းချုပ်ရင်း အမြဲ ပိုက်ဆံရနိုင်အောင် နဂါးနဲ့ ရေမြောင်းပုံဆွဲတယ်လို့ ယူဆရပါတယ်။
Wafulu:Zojojiဘုရားဟာ လူစည်ကားအောင်၊ ပိုက်ဆံများများရနိုင်အောင် စီစဉ်ပြီး ဗေဒင်အရ ဗိုလ်ချုပ်ကြီးက တည်ဆောက်ခဲ့တဲ့ဘုရား ဖြစ်ပါတယ်။ ပရဝဏ်ထဲမှာ ချယ်ရီပန်း စတဲ့ လှပတဲ့ အပင်တွေ အများကြီးစိုက်ထားပါတယ်။ ပြီးတော့ တစ်နှစ်ပတ်လုံး event အမျိုးမျိုးရှိပါတယ်။ ဂျပန်လူမျိုးပဲ မဟုတ်ဘဲနဲ့ နိုင်ငံခြားခရိးသည်တွေလည်း များလာနေပါတယ်။
ဒေါ်Kumiko:ဂျပန်ယဉ်ကျေးမှုကို ပိုပြီးနားလည်ဖို့၊ ငွေ့ကံကောင်းစေဖို့ ဒီကိုလာကြည့်ကြပါနော်။
ဒျေါKumiko:: ဂျပန်ယဉ်ကျေးမှုကို ပိုပြီးနားလည်ဖို့၊ ငွေ့ကံကောင်းစေဖို့ ဒီကိုလာကြည့်ကြပါနော်။
(Profile)
ဒေါ် Kumiko Manidou
ေဒၚ Kumiko Manidou
Manidou05
ဂျပန်နိုင်ငံ Nagoyaမြို့မှာမွေးခဲ့တယ်။ တက္ကသိုလ်ကျောင်းသူဘဝကတည်းက တရုတ်နိုင်ငံကို စိတ်ဝင်စားတယ်။ အိမ်ထောင်ပြုပြီး ဟောင်ကောင်ကို အိမ်ရွှေ့ခဲ့တယ်။ သမိုင်းရှိတဲ့ Fusui ဗေဒင်ကို စိတ်ဝင်စားပြီး Fusui ဗေဒင်ဆရာ ဦးDavid So ဆီမှာ လေ့လာသင်ယူခဲ့တယ်။ ၂၀၀၈ ခုနှစ် ဆရာ ဦးDavid So က ဒေါ် Kumiko ကို “ဗေဒင်ဆရာတစ်ယောက် အနေနဲ့ ကိုယ့်အားကိုယ်ကိုး ဗေဒင်တွက်လိုက်” လို့ တိုက်တွန်းခဲ့တယ်။ ဆရာ ဦးDavid So ကွယ်လွန်ပြီးနောက် ဟောင်ကောင်မှာ နာမည်ကြီးတဲ့ Fusui ဗေဒင်ဆရာတွေဆီမှာ လေ့လာပြီး “ဗေဒင် Sangoho Sangenho” ဗဟိုဌာန Kango ဂိုဏ်းကို ဝင်ခဲ့တယ်။ ဒေါ် Kumiko က အဲဒီဂိုဏ်းကိုဝင်ခဲ့တဲ့ ပထမဆုံးဂျပန်လူမျိုးဖြစ်ပြီး “၇၃ဦးမြောက် Manidou” ဆိုတဲ့ နာမည်သစ် ရခဲ့တယ်။ အခု ကုမ္ပဏီ၊ ဆိုင်တွေမှာ Seminar လုပ်နေတယ်။ Fu-sui ဗေဒင်ပဲမဟုတ်ဘဲ “Shinchu Suimei” “Takujitsu” လိုမျိုး တခြားဗေဒင်တွေနဲ့ Fusui ဗေဒင်ကို ပေါင်းပြီး ဂျပန်နိုင်ငံ နဲ့ တရုတ်နိုင်ငံမှာ ဗေဒင်တွက်နေတယ်။
Manidou ဗေဒင်ကျောင်း official website http://mannidou.com/
Manidou ဗေဒင်ကျောင်း official http://mannidou.com/
Pocket page weekly “〜Manidou ဗေဒင် series〜ဗေဒင်ရဲ့အသည်းနှလုံး”
ယူနီကုဒ်ဖောင့်သို့ပြောင်းလဲရန်