13.6.2017

ဂ်ပန္ “ရိုးရာ” နဲ႔ “ေခတ္မီ” ပံုစံမ်ားဂျပန် “ရိုးရာ” နဲ့ “ခေတ်မီ” ပုံစံများ

နယူးဆောင်းပါး

AYATORI
ဂ်ပန္ရိုးရာဝတ္စံု “Kimono” ဝတ္တဲ့အခါ “Obi” ဆိုတဲ့ ခါးပတ္ ပတ္ရပါတယ္။ Kimono ဒီဇိုင္း အမ်ားႀကီးရွိသလို Obi လည္း pattern ၊ အေရာင္ အမ်ိဳးမ်ိဳးရွိပါတယ္။ ဒီေန႔ Obi အတြက္ ေခတ္မီဒီဇိုင္းသစ္ေတြ ေရးဆဲြေနတဲ့ဆိုင္ကို မိတ္ဆက္ေပးခ်င္ပါတယ္။
ဂျပန်ရိုးရာဝတ်စုံ “Kimono” ဝတ်တဲ့အခါ “Obi” ဆိုတဲ့ ခါးပတ် ပတ်ရပါတယ်။ Kimono ဒီဇိုင်း အများကြီးရှိသလို Obi လည်း pattern ၊ အရောင် အမျိုးမျိုးရှိပါတယ်။ ဒီနေ့ Obi အတွက် ခေတ်မီဒီဇိုင်းသစ်တွေ ရေးဆွဲနေတဲ့ဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။

“AYATORI”

AYATORIဆိုင္ဟာ ၂၀၁၆ ခုႏွစ္ မတ္လမွာ စတင္ဖြင့္လွစ္ခဲ့ၿပီး ဂ်ပန္ရိုးရာဒီဇိုင္းနဲ႔လုပ္ထားတဲ့ အကၤ် ီ၊ ပစၥည္းေလးေတြ ေရာင္းတဲ့ဆိုင္ျဖစ္ပါတယ္။ ဂ်ပန္ရိုးရာဒီဇိုင္းက မလွဘူး၊ ေဟာင္းတယ္လို႔ ဂ်ပန္လူငယ္ေတြက စဥ္းစားတတ္ပါတယ္။ လူအမ်ားကို ဆဲြေဆာင္တတ္တဲ့ ဂ်ပန္ရိုးရာဒီဇိုင္းအေၾကာင္း လူငယ္ေတြကိုသိေစခ်င္လုိ႔ ဒီဆိုင္ဟာ ပစ ၥည္းေတြ အသစ္အမ်ိဳးမိ်ဳး ထုတ္ေနပါတယ္။
AYATORIဆိုင်ဟာ ၂၀၁၆ ခုနှစ် မတ်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဂျပန်ရိုးရာဒီဇိုင်းနဲ့လုပ်ထားတဲ့ အင်္ကျီ၊ ပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်ဖြစ်ပါတယ်။ ဂျပန်ရိုးရာဒီဇိုင်းက မလှဘူး၊ ဟောင်းတယ်လို့ ဂျပန်လူငယ်တွေက စဉ်းစားတတ်ပါတယ်။ လူအများကို ဆွဲဆောင်တတ်တဲ့ ဂျပန်ရိုးရာဒီဇိုင်းအကြောင်း လူငယ်တွေကိုသိစေချင်လို့ ဒီဆိုင်ဟာ ပစ္စည်းတွေ အသစ်အမျိုးမျိုး ထုတ်နေပါတယ်။

Designer profile

AYATORI
AYATOR
မ Rika Ebanzu
မ Rika Ebanzu
Hokkaidoေဒသ Furanoၿမိဳ႕မွာေမြးၿပီး အခု တိုက်ိဳၿမိဳ႕မွာ ေနပါတယ္။ ကေလးငယ္တုန္းက Koto၊ Shamisen ဆိုတဲ့ ရိုးရာတူရိယာ ေလ့ကခ်င္ခဲ့ၿပီး အခုအခ်ိန္မွာလည္း ဂ်ပန္ယဥ္ေက်းမႈကို အရမ္းစိတ္ဝင္စားေနတာျဖစ္ပါတယ္။ ေက်ာင္းသူဘဝတုန္းက လန္ဒန္မွာ စာသင္ခဲ့ၿပီး Hokkaidoေဒသကို မျပန္ဘဲနဲ႔ တိုက်ိဳၿမိဳ႕မွာ အလုပ္စလုပ္ခဲ့ပါတယ္။ အခု Handmade designer အေနနဲ႔ ဂ်ပန္ရိုးရာအက်ၤ ီ၊ ယဥ္ေက်းမႈနဲ႔ပတ္သက္တဲ့ ဒီဇိုင္းေတြ ေရးဆဲြေနတာျဖစ္ပါတယ္။
Hokkaidoဒေသ Furanoမြို့မှာမွေးပြီး အခု တိုကျိုမြို့မှာ နေပါတယ်။ ကလေးငယ်တုန်းက Koto၊ Shamisen ဆိုတဲ့ ရိုးရာတူရိယာ လေ့ကချင်ခဲ့ပြီး အခုအချိန်မှာလည်း ဂျပန်ယဉ်ကျေးမှုကို အရမ်းစိတ်ဝင်စားနေတာဖြစ်ပါတယ်။ ကျောင်းသူဘဝတုန်းက လန်ဒန်မှာ စာသင်ခဲ့ပြီး Hokkaidoဒေသကို မပြန်ဘဲနဲ့ တိုကျိုမြို့မှာ အလုပ်စလုပ်ခဲ့ပါတယ်။ အခု Handmade designer အနေနဲ့ ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ဒီဇိုင်းတွေ ရေးဆွဲနေတာဖြစ်ပါတယ်။
AYATORI
ဒီ ဓာတ္ပံုေတြၾကည့္ၿပီး “ဂ်ပန္ရိုးရာဒီဇိုင္းက ေဟာင္းတယ္” လို႔ ခံစားတဲ့လူ မရွိဘူးလို႔ထင္ပါတယ္။ AYATORIဆိုင္ဟာ ဂ်ပန္ယဥ္ေက်းမႈ မေပ်ာက္ေစဖို႔ customerေတြကို ဆဲြေဆာင္တတ္တဲ့ ပစၥည္းေတြတီထြင္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။ ကြ်န္မ ဒီဆိုင္ကပစၥည္ထဲက အရမ္းသေဘာက်တာက Obi နဲ႔ လုပ္ထားတဲ့ clutch bag (လက္ကိုင္မပါေသာ လက္ေပြ႔အိတ္ျပားတစ္မ်ိဳး) ျဖစ္ပါတယ္။ ဒီ clutch bag အေၾကာင္း မRika Ebanzuကို ေမးၾကည့္ရေအာင္။
ဒီ ဓာတ်ပုံတွေကြည့်ပြီး “ဂျပန်ရိုးရာဒီဇိုင်းက ဟောင်းတယ်” လို့ ခံစားတဲ့လူ မရှိဘူးလို့ထင်ပါတယ်။ AYATORIဆိုင်ဟာ ဂျပန်ယဉ်ကျေးမှု မပျောက်စေဖို့ customerတွေကို ဆွဲဆောင်တတ်တဲ့ ပစ္စည်းတွေတီထွင်နိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်မ ဒီဆိုင်ကပစ္စည်ထဲက အရမ်းသဘောကျတာက Obi နဲ့ လုပ်ထားတဲ့ clutch bag (လက်ကိုင်မပါသော လက်ပွေ့အိတ်ပြားတစ်မျိုး) ဖြစ်ပါတယ်။ ဒီ clutch bag အကြောင်း မRika Ebanzuကို မေးကြည့်ရအောင်။
AYATORI
Q ဘာျဖစ္လို႔ Obi နဲ႔ clutch bag လုပ္တာလဲ။
A ဂ်ပန္ရိုးရာအက်ၤ ီ Kimono ဟာ ဝတ္ဖို႔ အရမ္းခက္ပါတယ္။ လူအမ်ားစုက ကိုယ္တစ္ေယာက္တည္း ေကာင္းေကာင္း မဝတ္ႏိုင္ဘူး။ ကြ်န္မလည္း မတတ္လို႔ Kimono သိပ္မဝတ္ခဲ့ဘူး။ ဒါေပမယ့္ ကြ်န္မက ဂ်ပန္လူမ်ိဳးျဖစ္တဲ့အတြက္ အရမ္းတတ္ခ်င္လို႔ ၂၀၁၅ ခုႏွစ္မွာ Kimono ဝတ္နည္းသင္ဖို႔ သင္တန္းတက္ခဲ့ပါတယ္။ အဲဒီသင္တန္းမွာ အရမ္းဒီဇိုင္းလွတဲ့ Obiကို ေတြ႔လုိက္ခဲ့ပါတယ္။ အဲဒီ Obiကို အရမ္းသေဘာက်လို႔ Obi အေနနဲ႔ မဟုတ္ဘဲနဲ႔ အၿမဲကိုက္ေဆာင္ႏိုင္ေအာင္ ေန႔တိုင္းသံုးတဲ့ တျခားပစၥည္းလုပ္ခ်င္တယ္လို႔ ခံစားမိတာပါ။
ေနာက္ပိုင္းမွာ ၿဗိတိန္ႏိုင္ငံမွာ သူငယ္ခ်င္းရဲ႕ wedding party သြားခဲ့ပါတယ္။ ကြ်န္မက အေနာက္တိုင္းအကၤ် ီ ဝတ္သြားဖို႔ စဥ္းစားထားတယ္။ ဒါေပမယ့္ အေနာက္တိုင္းလိုပဲ မဟုတ္ဘဲနဲ႔ ဂ်ပန္ယဥ္ေက်းမႈနဲ႔ပတ္သတ္တဲ့ ပစၥည္းတစ္ခုခုလည္း fashionထဲမွာ ထည့္ခ်င္တယ္လို႔ စဥ္းစားခဲ့ပါတယ္။ ကြ်န္မဆီမွာ Dress နဲ႔ လိုက္တဲ့ အိတ္ေလးမရွိလို႔ Obi နဲ႔ အိတ္ေလး ခ်ဳပ္ခဲ့တာပါ။ Wedding party မွာ သူငယ္ခ်င္းေတြက အဲဒီအိတ္ေလးကို “အရမ္းမိုက္တယ္။ လွတယ္” လို႔ေျပာခဲ့ပါတယ္။ အဲဒီကတည္းက Obi သံုးၿပီး sclutch bagေတြ ထုတ္လုပ္ေနပါတယ္။
Q ဘာဖြစ်လို့ Obi နဲ့ clutch bag လုပ်တာလဲ။
A ဂျပန်ရိုးရာအကျင်္ီ Kimono ဟာ ဝတ်ဖို့ အရမ်းခက်ပါတယ်။ လူအများစုက ကိုယ်တစ်ယောက်တည်း ကောင်းကောင်း မဝတ်နိုင်ဘူး။ ကျွန်မလည်း မတတ်လို့ Kimono သိပ်မဝတ်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မက ဂျပန်လူမျိုးဖြစ်တဲ့အတွက် အရမ်းတတ်ချင်လို့ ၂၀၁၅ ခုနှစ်မှာ Kimono ဝတ်နည်းသင်ဖို့ သင်တန်းတက်ခဲ့ပါတယ်။ အဲဒီသင်တန်းမှာ အရမ်းဒီဇိုင်းလှတဲ့ Obiကို တွေ့လိုက်ခဲ့ပါတယ်။ အဲဒီ Obiကို အရမ်းသဘောကျလို့ Obi အနေနဲ့ မဟုတ်ဘဲနဲ့ အမြဲကိုက်ဆောင်နိုင်အောင် နေ့တိုင်းသုံးတဲ့ တခြားပစ္စည်းလုပ်ချင်တယ်လို့ ခံစားမိတာပါ။
နောက်ပိုင်းမှာ ဗြိတိန်နိုင်ငံမှာ သူငယ်ချင်းရဲ့ wedding party သွားခဲ့ပါတယ်။ ကျွန်မက အနောက်တိုင်းအင်္ကျီ ဝတ်သွားဖို့ စဉ်းစားထားတယ်။ ဒါပေမယ့် အနောက်တိုင်းလိုပဲ မဟုတ်ဘဲနဲ့ ဂျပန်ယဉ်ကျေးမှုနဲ့ပတ်သတ်တဲ့ ပစ္စည်းတစ်ခုခုလည်း fashionထဲမှာ ထည့်ချင်တယ်လို့ စဉ်းစားခဲ့ပါတယ်။ ကျွန်မဆီမှာ Dress နဲ့ လိုက်တဲ့ အိတ်လေးမရှိလို့ Obi နဲ့ အိတ်လေး ချုပ်ခဲ့တာပါ။ Wedding party မှာ သူငယ်ချင်းတွေက အဲဒီအိတ်လေးကို “အရမ်းမိုက်တယ်။ လှတယ်” လို့ပြောခဲ့ပါတယ်။ အဲဒီကတည်းက Obi သုံးပြီး sclutch bagတွေ ထုတ်လုပ်နေပါတယ်။
AYATORI0
Q အစ္မကို inspiration ေပးတာက ဘာလဲ။
A လန္ဒန္ စတဲ့ တျခားႏိုင္ငံမွာေနတုန္းကေတြ႔ခဲ့တဲ့ သူငယ္ခ်င္းေတြက ကိုယ္ရဲ႕ feeling ၊ ခံစားမႈကို အရမ္းအေလးထားၿပီး အဲဒီ feelingကို ကိုယ္ႀကိဳက္သလို သူမ်ားကို ျပၾကတယ္။ ဂ်ပန္လူမ်ိဳးကေတာ့ အဲဒီလို သိပ္မလုပ္ၾကဘူး။ အဲဒါၾကည့္ရင္ၿပီး ကိုယ့္ခံစားမႈအတိုင္း သူမ်ားကို message ျပတာက အေရးႀကီးတယ္လို႔ ခံစားမိခဲ့တာပါ။ ၿပီးေတာ့ foreigner သူငယ္ခ်င္းေတြက “ဘာျဖစ္လို႔ ဂ်ပန္လူမ်ိဳးေတြက ဂ်ပန္ရိုးရာဝတ္စံု မဝတ္ၾကတာလဲ“ လို႔ ကြ်န္မကို ေမးလိုက္တယ္။ ဂ်ပန္လူမ်ိဳးေတြက ဂ်ပန္ရိုးရာယဥ္ေက်းမႈကို မေမ့ဖို႔ daily lifeမွာ သံုးလို႔ရတဲ့ အိတ္ေလးကို Obi နဲ႔ လုပ္ေနပါတယ္။
Q အစ်မကို inspiration ပေးတာက ဘာလဲ။
A လန်ဒန် စတဲ့ တခြားနိုင်ငံမှာနေတုန်းကတွေ့ခဲ့တဲ့ သူငယ်ချင်းတွေက ကိုယ်ရဲ့ feeling ၊ ခံစားမှုကို အရမ်းအလေးထားပြီး အဲဒီ feelingကို ကိုယ်ကြိုက်သလို သူများကို ပြကြတယ်။ ဂျပန်လူမျိုးကတော့ အဲဒီလို သိပ်မလုပ်ကြဘူး။ အဲဒါကြည့်ရင်ပြီး ကိုယ့်ခံစားမှုအတိုင်း သူများကို message ပြတာက အရေးကြီးတယ်လို့ ခံစားမိခဲ့တာပါ။ ပြီးတော့ foreigner သူငယ်ချင်းတွေက “ဘာဖြစ်လို့ ဂျပန်လူမျိုးတွေက ဂျပန်ရိုးရာဝတ်စုံ မဝတ်ကြတာလဲ“ လို့ ကျွန်မကို မေးလိုက်တယ်။ ဂျပန်လူမျိုးတွေက ဂျပန်ရိုးရာယဉ်ကျေးမှုကို မမေ့ဖို့ daily lifeမှာ သုံးလို့ရတဲ့ အိတ်လေးကို Obi နဲ့ လုပ်နေပါတယ်။
AYATORI
AYATORI

(Ayatori OFFICIAL WEBSITE)

ေနာက္ပိုင္းအစီအစဥ္
နောက်ပိုင်းအစီအစဉ်
အခု လုပ္ေနတာက Obi ရဲ႕ remake လုိ႔ ေျပာႏိုင္ပါတယ္။ ပတ္ဝန္းက်င္လည္း ထိန္းသိမ္းႏိုင္လို႔ ေကာင္းတယ္။ ဒီေနာက္ပိုင္းက်ေတာ့ remake အေနနဲ႔ပဲ မဟုတ္ဘဲနဲ႔ ဂ်ပန္ယဥ္ေက်းမႈ ႏိုင္ငံတကာကို သိေစဖို႔ ေဆာင္ရြက္သြားခ်င္ပါတယ္။ ၿပီးေတာ့ အခုအခ်ိန္မွာ ဂ်ပန္ႏိုင္ငံကို foreigner အမ်ားႀကီးလာၾကတယ္။ သူတို႔က ဂ်ပန္ႏိုင္ငံကို ပိုၿပီး ႀကိဳက္ၾကေအာင္ တိုက်ိဳ ၊ Hokkaido တို႔ရဲ႕ လွပတဲ့ လက္ေဆာင္ပစၥည္းေတြကိုလည္း ထုတ္ခ်င္ပါတယ္။
Interview ကေတာ့ ဒါပါပဲရွင့္။ မRika Ebanzu ဟာ ဂ်ပန္ႏိုင္ငံရဲ႕ “အေဟာင္း” နဲ႔ “အသစ္” ကို ေပါင္းစပ္ၿပီး သူလိုမ်ိဳး designer မ်ားလာရင္ ယဥ္ေက်းမႈထိန္းသိမ္းျခင္း၊ ႏိုင္ငံရဲ႕အႏုပညာတိုးတက္ျခင္း ပိုၿပီး အဆင္ေျပလာႏိုင္မယ္လို႔ ယံုၾကည္ပါတယ္။
အခု လုပ်နေတာက Obi ရဲ့ remake လို့ ပြောနိုင်ပါတယ်။ ပတ်ဝန်းကျင်လည်း ထိန်းသိမ်းနိုင်လို့ ကောင်းတယ်။ ဒီနောက်ပိုင်းကျတော့ remake အနေနဲ့ပဲ မဟုတ်ဘဲနဲ့ ဂျပန်ယဉ်ကျေးမှု နိုင်ငံတကာကို သိစေဖို့ ဆောင်ရွက်သွားချင်ပါတယ်။ ပြီးတော့ အခုအချိန်မှာ ဂျပန်နိုင်ငံကို foreigner အများကြီးလာကြတယ်။ သူတို့က ဂျပန်နိုင်ငံကို ပိုပြီး ကြိုက်ကြအောင် တိုကျို ၊ Hokkaido တို့ရဲ့ လှပတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ထုတ်ချင်ပါတယ်။
Interview ကတော့ ဒါပါပဲရှင့်။ မRika Ebanzu ဟာ ဂျပန်နိုင်ငံရဲ့ “အဟောင်း” နဲ့ “အသစ်” ကို ပေါင်းစပ်ပြီး သူလိုမျိုး designer များလာရင် ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ နိုင်ငံရဲ့အနုပညာတိုးတက်ခြင်း ပိုပြီး အဆင်ပြေလာနိုင်မယ်လို့ ယုံကြည်ပါတယ်။
AYATORI
AYATORI
AYATORI

SHOP INFORMATION

AYATORI

Web site https://www.rika10ayatori.com/
Web store https://ayatori.shopselect.net/

AYATORI
Wafulu ေဆာင္းပါးေရးသူ
Wafulu ဆောင်းပါးရေးသူ
Akochua

Akochua

ကၽြန္မရဲ႕အေမဟာ သူမ်ားကိုေပ်ာ္ေစတာ အရမ္းႀကိဳက္ၿပီး အေဖဟာ ပစၥည္းေတြကို ကိုယ္တိုင္ထုတ္တာ ႀကိဳက္ပါတယ္။ (ကၽြန္မလည္း အတူတူပဲပါ။) အသက္ ရွစ္ႏွစ္ ကတည္းက သီခ်င္းေရးတာ ဝါသနာပါပါတယ္။
spoon+ ကို ထုတ္ၿပီးေတာ့ ၂၀၁၄ ခုႏွစ္ကတည္းက WEBဆိုင္ “ GEEKCLOTHING” မွာ အကၤ် ီဒီဇိုင္း ေရးေနပါတယ္။ ၿပီးေတာ့ PV ရိုက္ျခင္း၊ ဖက္ရွင္ဆိုင္ရာအႀကံေပးျခင္း၊ narrator၊ MC၊ ေမာ္ဒယ္ စတဲ့ အလုပ္ အမ်ိဳးမ်ိဳး လုပ္ေနပါတယ္။
ကျွန်မရဲ့ အမေဟာ သူများကိုပျော်စေတာ အရမ်းကြိုက်ပြီး အဖေဟာ ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်တာ ကြိုက်ပါတယ်။ (ကျွန်မလည်း အတူတူပါပဲ။) အသက် ရှစ်နှစ် ကတည်းက သီချင်းရေးတာ ၀ါသနာပါပါတယ်။
spoon+ ကို ထုတ်ပြီးတော့ ၂၀၁၄ ခုနှစ်ကတည်းက WEBဆိုင် “ GEEKCLOTHING” မှာအင်္ကျီဒီဇိုင်း ရေးဆွဲနေပါတယ်။ ပြီးတော့ PV ရိုက်ခြင်း၊ ဖက်ရှင်ဆိုင်ရာ အကြံပေးခြင်း၊ narrator၊ MC၊ မော်ဒယ် စတဲ့ အလုပ်အမျိုးမျိုး လုပ်နေပါတယ်။

[Twitter] https://twitter.com/acocream
[Facebook] https://www.facebook.com/acochualove
[official WEB] http://spoon-web.net


ယူနီကုဒ်ဖောင့်သို့ပြောင်းလဲရန်