5.11.2016

wafulu editor က မိတ်ဆက်ပေးချင်တဲ့ ဂျပန်ပစ္စည်းလေး VOL.1

နယူးဆောင်းပါး

အခု ဂျပန်နိုင်ငံမှာ လူကြိုက်များလာတဲ့ ပစ္စည်း၊ အစားအစာ ငါးခုကို မိတ်ဆက်ပေးပါမယ်။

001 Kikuya ဆိုင်က Nerikiri

Kikuya ဆိုင်က Nerikiri

Nerikiri ဆိုတာ ဂျပန်ရိုးရာဌာပနာမုန့် ဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးဖန်တီးဖို့ အသေးစိတ်ထိလှအောင် အရောင်ထည့်ထားတာပါ။ လက်ဖက်ရည်ကြမ်းနဲ့ ဒီဌာပနာမုန့်ကို အတူတူစားရင် အရမ်းကောင်းပါတယ်။

002 Nakagawa Masashichi ဆိုင်က အမွှေးတိုင်လေး

Nakagawa Masashichi ဆိုင်က အမွှေးတိုင်လေး

ဒီအမွှေးတိုင်သေးသေးလေးကို ပိုက်ဆံအိတ်၊ အံဆွဲ တို့ထဲကို ထည့်ကြည့်ကြပါ။ အနံ သိပ်မပြင်းပါဘူး။ ပုံစံ အမျိုးမျိုးရှိပြီး ချစ်သူ၊ သူငယ်ချင်းတွေကို စာပို့မယ်ဆိုရင် ဒါကို စာအိတ်ထဲကို ထည့်ပြီးပို့ရင် အရမ်းမိုက်ပါတယ်။

003 FUTAGAMI ဆိုင်က ဖောက်တံ

003 FUTAGAMI ဆိုင်က ဖောက်တံ

ဒီဖောက်တံဟာ ကြေးဝါနဲ့ လုပ်ထားပါတယ်။ အခုခေတ်မှာ ဖောက်တံသုံးတဲ့လူ နည်းလာပေမယ့် ဒီဖောက်တံက ပုံစံ ထူးဆန်းတာကြောင့် အဆင်တန်ဆာအနေနဲ့လည်း သုံးလို့ရပါတယ်။

004 Yamapota ဆိုင်က ပန်းကန်ပြားလေး

ပန်းကန်ပြားလေး

အခု ကမ္ဘာပေါ်မှာ ပိုလန်ပန်းကန်ပြားက ခေတ်စားနေပေမယ့် ဂျပန်ပန်းကန်ပြားလည်း လူကြိုက်များပါတယ်။ Yamapota ဆိုင်ကရောင်းတဲ့ ပန်းကန်ပြားလေးဟာ ပုံစံ၊ အရောင် အမျိုးမျိုးရှိပြီး ဝယ်သူတွေကို ဆွဲဆောင်ပါတယ်။

005 Imabari Crescendo ဆိုင်က မျက်နှာသုတ်ပဝါ

မျက်နှာသုတ်ပဝါ

Imabari မျက်နှာသုပ်ပဝါဟာ ဂျပန်နိုင်ငံမှာ နာမည်အကြီးဆုံးဖြစ်တဲ့ မျက်နှာသုတ်ပဝါ ဖြစ်ပါတယ်။ Imabari Crescendo ဆိုင်ကထုတ်တဲ့ ဒီမျက်နှာသုပ်ပဝါတွေက ကလေးတွေကစားဖို့ အရုပ်လေးကိုလည်း ပုံစံပြောင်းနိုင်တာပါ။ ကလေးတွေအတွက် လက်ဆောင်တစ်ခုခုရှာနေတယ်ဆိုရင် ဒီမျက်နှာသုတ်ပဝါကို
လက်ဆောင်ပေးကြည့်ကြပါ။