2.11.2016

ကျိုတိုမြို့ “Wa” ပျော်ပွဲစားထွက်ခြင်း

နယူးဆောင်းပါး

cake

ဒီနေရာက ဂျပန်နိုင်ငံ ကျိုတိုမြို့ Kamo မြစ် ဖြစ်ပါတယ်။

ကိတ်မုန့်ရုပ်အကြီးကြီး

လတိုင်း ၂၂ ရက်နေ့ Kamo မြစ်ဝကျွန်းပေါ်ဒေသမှာ ဒီ ကိတ်မုန့်ရုပ်အကြီးကြီးကို တွေ့နိုင်ပါတယ်။ ဒီနေရာကို ပျော်ပွဲစားထွက်ကြရအောင်။

ကိတ်မုန့်နေ့

[Granewton Picinic!]

“Granewton Picinic!” ဆိုတာက လတိုင်း ၂၂ ရက်နေ့ကို “ကိတ်မုန့်နေ့” လို့သတ်မှတ်ပြီး မိသားစု၊ သူငယ်ချင်းတွေ အုပ်စုလိုက် ပျော်ပွဲစားထွက်ကြရအောင် ဆိုတဲ့ event ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လေးနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ (ရာသီဥတုဆိုးရင် မကျင်းပဘူး)

Granewton Picinic စီမံကိန်း ဒါရိုက်တာ မAsami Shigemitsu

Asami Shigemitsu

ကျွန်မရဲ့အလုပ်က ဗီဒီယိုဒါရိုက်တာ၊ ကာတွန်းဆရာ၊ Granewton စီမံကိန်း ဒါရိုက်တာ ဖြစ်ပါတယ်။

Kamo မြစ်ဘေးမှာထိုင်ပြီး သူငယ်ချင်းတွေနဲ့ ထမင်းစားတာ၊ စကားပြောတာ အရမ်းကြိုက်ပါတယ်။
အခု ဗီဒီယိုအဖွဲ့ “Facha!” ဖွဲ့စည်းပြီး ရောင်စုံကာတွန်းဗီဒီယို ရိုက်နေတာပါ။

“Kyuusonekokami”၊ “tofubeats” စတဲ့ အဆိုတော်တွေရဲ့ PV နဲ့ CM လည်း ရိုက်ဖူးပါတယ်။
ပြီးတော့ “ကျိုတိုမြို့၊ ကိုဘေးမြို့ Bijin Dokei” ဆိုတဲ့ website အတွက် ဓာတ်ပုံလည်း ရိုက်ဖူးပါတယ်။

Q1
Granewton Picinic ကို ဘာဖြစ်လို့ စတင်ခဲ့တာလဲ။

အရင်တုန်းက သီချင်းဗီဒီယိုအတွက် ကိတ်မုန့်ရုပ်အကြီးကြီး လုပ်ခဲ့ပါတယ်။ ဗီဒီယိုရိုက်ပြီး အဲ့ဒီကိတ်မုန့်ရုပ်ကို လွှင့်ပစ်မယ်ဆိုတာ နှမြောလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပြီး ဒီလိုမျိုး event လုပ်ချင်တယ်လို့ တစ်ယောက်က ပြောခဲ့တာပါ။ ဘယ်နေရာမှာကျင်းပရင်ကောင်းမလဲလို့ စဉ်းစားပြီး Kamo မြစ်ဘေးမှာ ပျော်ပွဲစားထွက်လာတဲ့လူများလို့ ဒီနေရာကို ရွေးခဲ့တာပါ။ ကျင်းပရက်ကို လူအများကြီးကို မှတ်ထားစေချင်လို့ လတိုင်း ၂၂ ရက်နေ့ကို ကျင်းပရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Q2
ဘာဖြစ်လို့ ကျိုတိုမြို့မှာ ကျင်းပနေတာလဲ။

လုပ်ဖော်ကိုင်ဖက် အများစုက ကျိုတိုမြို့မှာနေလို့ပါ။ Event မရှိတဲ့နေ့မှာတော့ ဒီကိတ်မုန့်ရုပ်ကို ကျိုတိုမြို့မှာရှိ ကော်ဖီဆိုင်၊ သိုလှောင်ရုံတို့မှာ သိမ်းထားပါတယ်။ အဲ့ဒီနေရာတို့ကနေ Kamo မြစ်ဝကျွန်းပေါ်ဒေသကို ကိတ်မုန့်ရုပ် ရွှေ့မယ်ဆိုရင် ပင်ပန်းပေမယ့် အရမ်းပျော်စရာကောင်းပါတယ်။

Q3
မShigemitsu အတွက် “Wa (* ဂျပန်ရိုးရာယဉ်ကျေးမှု၊ ပစ္စည်း)” ဆိုတာ ဘာလဲ။

ကျွန်မအတွက် “Wa” ဆိုတာက ဂျပန်ရိုးရာဝတ်စုံပါ။ ပြီးတော့ နတ်နန်း၊ ဘုရား၊ ရိုးရာနေအိမ်တွေလည်း ကြိုက်ပါတယ်။ Event ကို ဂျပန်ရိုးရာဝတ်စုံနဲ့လာတဲ့လူလည်း ရှိပါတယ်။ Event မှာ Goza (* ဂျပန်ရိုးရာဖျာ) ခင်းပြီး အစားအစာထိုင်စားလို့ ရပါတယ်။

Q4
တိုကျိုအိုလံပစ်အားကစားပွဲတော်ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ်မှာ Granewton Picinic ကို ဘယ်လို eventမျိုး ဖြစ်စေချင်လဲ။

ဒီ event ကို တခြားနိုင်ငံမှာလည်းကျင်းပပြီး တီဗွီ၊ စာနယ်ဇင်းတို့မှတစ်ဆင့် ကမ္ဘာနေရာအနှံ့ကို သိစေချင်ပါတယ်။ နိုင်ငံခြားသားတွေက ဒီကိတ်မုန့်ရုပ်အကြီးကြီးကိုကြည့်ပြီး ဘယ်လို reaction လုပ်မလဲ ဆိုတာကို ကြည့်ချင်ပါတယ်။ ပြီးတော့ ဒီကိတ်မုန့်ရုပ်နဲ့အတူတူ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးကို ခရီးသွားချင်ပါတယ်။

Granewton Picinic Event

ဂျပန်ရိုးရာအက ကပြသူ

ကျိုတိုမြို့မှာ Maiko (* ဂျပန်ရိုးရာအက ကပြသူ)၊ ကမ္ဘာ့လှည့်ခရီးသည် အများကြီးရှိပါတယ်။

ကမ္ဘာ့လှည့်ခရီးသည်

ဂျပန်ရိုးရာ လက်ဖက်ရည်ကြမ်း

Event မှာ Ocha (* ဂျပန်ရိုးရာ လက်ဖက်ရည်ကြမ်း) လုပ်တာ ဝါသနာပါတဲ့လူက သူများကို Ocha တိုက်ကျွေးတာလည်း ရှိပါတယ်။

Granewton Picinic

Granewton Picinic

Granewton Picinic ကိုလာတဲ့လူတွေဟာ အနုပညာကိုစိတ်ဝင်စားတဲ့လူပဲမဟုတ်ဘဲ ကလေးတွေလည်း များပါတယ်။ အလုပ်၊ ဘဝ လုံးဝမတူတဲ့လူတွေက ရောနေတဲ့ event ပါ။ ဒီလိုမျိုး event ဟာ တခြားမြို့မှာ မရှိပါဘူး။

လတိုင်း ၂၂ ရက်နေ့ ကိတ်မုန့်ရုပ်အကြီးကြီးဘေးမှာ အစားအစာထိုင်စားပြီး ကိုယ်မသိတဲ့ အရာ၊နယ်ပယ်ကို လေ့လာကြည့်ကြပါ။

Granewton Picinic

Granewton Picinic

Wafulu ဆောင်းပါးရေးသူ

Akochua

Akochua

ကျွန်မရဲ့အမေဟာ သူများကိုပျော်စေတာ အရမ်းကြိုက်ပြီး အဖေဟာ ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်တာ ကြိုက်ပါတယ်။ (ကျွန်မလည်း အတူတူပဲပါ။) အသက် ရှစ်နှစ် ကတည်းက သီချင်းရေးတာ ဝါသနာပါပါတယ်။

spoon+ ကို ထုတ်ပြီးတော့ ၂၀၁၄ ခုနှစ်ကတည်းက WEBဆိုင် “ GEEKCLOTHING” မှာ အင်္ကျီဒီဇိုင်း ရေးနေပါတယ်။ ပြီးတော့ PV ရိုက်ခြင်း၊ ဖက်ရှင်ဆိုင်ရာအကြံပေးခြင်း၊ narrator၊ MC၊ မော်ဒယ် စတဲ့ အလုပ် အမျိုးမျိုး လုပ်နေပါတယ်။

[Twitter] https://twitter.com/acocream

[Facebook] https://www.facebook.com/acochualove

[official WEB] http://spoon-web.net