26.10.2016

Wafulu editor က မိတ်ဆက်ပေးချင်တဲ့ ဂျပန်ပစ္စည်းလေး VOL.7

နယူးဆောင်းပါး

Haibara ရဲ့ စာရေးစက္ကူ

031 Haibara ရဲ့ စာရေးစက္ကူ

ဒီစာရေးစက္ကူရဲ့အလျားက ၁၀ စင်တီမီတာပဲရှိပါတယ်။ စာအိတ်လည်း ပါပါတယ်။ (ဒါလည်း အရမ်း သေးတယ်။) စာရေးစက္ကူနဲ့စာအိတ်တို့ကို မုန့်ဘူးလေးလောက်သေးတဲ့ဘူးထဲမှာ ထည့်ထားပါတယ်။ Haibara ကုမ္ပဏီဟာ ၁၈၀၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ သမိုင်းရှိတဲ့ကုမ္ပဏီဖြစ်ပါတယ်။

Fukufukuyu ရဲ့ bath powder

032 Fukufukuyu ရဲ့ bath powder

ချစ်စရာကောင်းတဲ့ တြိဂံပုံဘူးထဲမှာ bath powder ထည့်ထားပါတယ်။ ဒီလိုမျိုးကြောင်ပုံဟာ ဂျပန်နိုင်ငံမှာ ဂုဏ်ပြုစရာရှိတဲ့အခါမှာ သုံးတဲ့ပုံ ဖြစ်ပါတယ်။

Tougou နတ်နန်း ရဲ့ အဆောင်

033 Tougou နတ်နန်း ရဲ့ အဆောင်

Kikirara ၊ My melody ၊ Hello Kitty ပုံတွေ ပါပါတယ်။ ဒါက ကလေးအတွက်ကစားစရာ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံမှာ ကာတွန်း character တွေရဲ့ပုံပါတဲ့ အဆောင်တွေလည်း အမျိုးမျိုးရှိပါတယ်။

Maeda Senko ရဲ့ Furoshiki

034 Maeda Senko ရဲ့ Furoshiki (* ပစ္စည်းထုပ်ဖို့သုံးတဲ့ ရိုးရာပဝါ)

Kokeshi (* ရိုးရာအရုပ်ကလေး) ပုံတွေ ဆေးဆိုးထားပါတယ်။ အခုခေတ်မှာ Furoshiki သုံးတဲ့လူ အများစုက အသက်ကြီးတဲ့လူပါ။ ချစ်စရာကောင်းတဲ့ပုံတွေပါရင် လူငယ်တွေလည်း နှစ်သက်ကြပါတယ်။

Setoyaki ရဲ့ Manekineko

035 Setoyaki ရဲ့ Manekineko (* လက်ယပ်ခေါ်နေတဲ့ကြောင်)

Manekineko ဟာ လက်ယပ်ပြီး ပိုက်ဆံ နဲ့ ပျော်ရွှင်စရာတွေကို ခေါ်တတ်တယ်လို့ ဂျပန်လူမျိုးတွေက ယုံကြည်ကြပါတယ်။ ဒီSetoyaki ရဲ့ Manekineko ဟာ တန်ဆာပစ္စည်းအနေနဲ့လည်း သုံးလို့ရပါတယ်။ အရောင်လှပြီး မျက်နှာကလည်း ချစ်စရာကောင်းတယ်နော်။