20.10.2016

wafulu editor က မိတ်ဆက်ပေးချင်တဲ့ ဂျပန်ပစ္စည်းလေး VOL.6

နယူးဆောင်းပါး

nanaco plus+ ဆိုင်က နားကပ်

026 nanaco plus+ ဆိုင်က နားကပ်
ဂျပန်နိုင်ငံ Kyotoမြို့ရဲ့ ရိုးရာသကြားလုံးကို အထဲမှာထည့်ထားတဲ့ နားကပ်ဖြစ်ပါတယ်။ သကြားရဲ့အပေါ်ကို ပလပ်စတစ်နဲ့ အလုံပိတ်ပုံးထားလို့ သကြားက မပုပ်ပါဘူး။ “စားလို့ကောင်းတဲ့သကြား” မဟုတ်ဘဲ “ဝတ်ဆင်လို့ကောင်းတဲ့သကြား” ဖြစ်သွားပါပြီ။ ကောင်မလေးတွေ စိတ်ဝင်စားကြတဲ့ ခေတ်မိပုံစံပါ။

 bookmark

027 Kikai Koubou Shiyon ဆိုင်က bookmark
ဂျပန်နိုင်ငံတောင်ပိုင်း Okinawa ခရိုင်ရဲ့ ရိုးရာပိတ်စနဲ့ လုပ်ထားတဲ့ bookmark (* စာမျက်နှာမှတ်ရန် စက္ကူချပ်ကလေး) ဖြစ်ပါတယ်။ Okinawa ခရီးစဉ်ကို သတိရစေတတ်တဲ့ ပစ္စည်းလေးပါ။

Chiyogami စက္ကူ မှတ်စုစာအုပ်

028 Isetatsu ဆိုင်က Chiyogami စက္ကူ မှတ်စုစာအုပ်
Chiyogami ဆိုတာ ဂျပန်ရိုးရာစက္ကူတစ်မျိုး ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပုံစံအများကြီးရှိပါတယ်။ အနံလည်း သစ်ပင်လို မွှေးပါတယ်။ Isetatsu ဆိုင်မှာ ကိုယ်ကြိုက်တဲ့ Chiyogami ပစ္စည်းလေးတွေကို ရှာကြည့်ကြပါ။

Maizuru ဆိုင်က နမူနာပြ အစားအစာတု

029 Maizuru ဆိုင်က နမူနာပြ အစားအစာတု
အခု လူကြိုက်အများဆုံးဖြစ်တဲ့ ဂျပန်ပစ္စည်းက ဒီလိုမျိုး အစားအစာတု ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ စားသောက်ဆိုင်တွေရဲ့ မျက်နှာစာမြင်ကွင်းမှာ မြင်တွေ့လေ့ရှိတဲ့ နမူနာပြ အစားအစာတု ပြုလုပ်ခြင်းက အနုပညာတစ်ရပ်လို့ပင် ဆိုနိုင်ပါတယ်။ သော့ကွင်း၊ သံလိုက်၊ iPhone case စတဲ့ ပစ္စည်းလေးတွေ အမျိုးမျိုးစုံနေပါတယ်။

Momota-touen ဆိုင်က ပန်းကန်ပြား

030 Momota-touen ဆိုင်က ပန်းကန်ပြား
ဒါက ဂျပန်ရိုးရာကြွေထည်တစ်မျိုးဖြစ်တဲ့ Arita ကြွေထည်ဖြစ်ပါတယ်။ ပုံစံကတော့ အနောက်တိုင်းလို လုပ်ထားပါတယ်။ Arita ကြွေထည်ဆိုတာက အများစုက ဈေးကြီးပေမယ့် Momota-touen ဆိုင်က ကြွေထည်တွေကတော့ တခြားဆိုင်ထက် ဈေးသက်သာပါတယ်။