1.9.2016

wafulu editor က မိတ်ဆက်ပေးချင်တဲ့ ဂျပန်ပစ္စည်းလေး VOL.5

နယူးဆောင်းပါး

Kokeshi

021 Naruko ဆိုင္က Kokeshi

Kokeshi ဆိုတာက ဂျပန်ရိုးရာလက်ရာတစ်ခု ဖြစ်ပါတယ်။ ဟိုးရှေးရှေးတုန်းက ကလေးတွေ ကစားကြတဲ့ အရုပ်လေး ဖြစ်ပါတယ်။ အခုခေတ် ဂျပန်နိုင်ငံမှာ Kokeshi က ပြန်ခေတ်စားလာနေတာပါ။ အဆင်တန်ဆာအနေနဲ့ သုံးလို့လည်း ရပါတယ်။

iPhone case

022 SOU SOU ဆိုင်က iPhone case

SOU SOU ဆိုင်မှာ စိတ်ကို လျှပ်ရှားစေတဲ့ ချစ်စရာပစ္စည်းတွေ အမျိုးမျိုးရောင်းနေပါတယ်။ နေ့တိုင်းသုံးတဲ့ iPhone အတွက် ဒီဇိုင်းအများကြီးထဲက ကိုယ်နှစ်သက်တဲ့ case ကို ရွေးကြပါ။ ဆိုင်မှာရောင်းတဲ့ ဒီဇိုင်းက ရာသီအလိုက် ပြောင်းလို့ စိတ်ဝင်စားစရာကောင်းတယ်နော်။

Fugu

023 Isono စက္ကူပူဖောင်းဆိုင်က စက္ကူပူဖောင်း

ဒီ စက္ကူပူဖောင်းက မလေးလို့ ကလေးကစားစရာအနေနဲ့ ခရီးသွားတဲ့အခါ ယူသွားနိုင်ပါတယ်။ ခိုင်မာလို့ သိပ်မပျက်ပါဘူး။ Isono စက္ကူပူဖောင်းဆိုင်ဟာ ဂျပန်နိုင်ငံမှာ တစ်ခုပဲရှိတဲ့ စက္ကူပူဖောင်းထုတ်တဲ့ဆိုင် ဖြစ်ပါတယ်။ ဒီဇိုင်းက စတော်ဘယ်ရီ ရော ဘောလုံး ရော အများကြီးရှိပါတယ်။ ဒီဓာတ်ပုံကတော့ စားလို့ကောင်းပြီး ဂျပန်နိုင်ငံမှာ လူကြိုက်များတဲ့ Fugu ဆိုတဲ့ ငါးတစ်မျိုးပါ။

ရိုးရာမုန်

024 HIYORI ဆိုင်က ရိုးရာမုန့်လေး

ဒါက သကြားနဲ့လုပ်ထားတဲ့ ဂျပန်ရိုးရာမုန့် ဖြစ်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီနဲ့ အတူတူစားရင် အရမ်း ကောင်းပါတယ်။ ချစ်စရာကောင်းတဲ့ပုံစံတွေ အများကြီးပါပဲ။ ဒီဓာတ်ပုံကတော့ လပြည့်နေ့ကို ဖန်တီးထားတာ ဖြစ်ပါတယ်။

Hikiyose ဆိုင်က ပန်းကန်လုံး

025 Hikiyose ဆိုင်က ပန်းကန်လုံး

ဒီပန်းကန်လုံးဟာ သစ်နဲ့ လုပ်ထားပါတယ်။ သံနဲ့လုပ်ထားတဲ့ ပန်းကန်လုံးထက် ပိုပေါ့ပြီး ခိုင်မာလို့ လူကြိုက်များလာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ နာမည်ကြီးတဲ့ စားသောက်ဆိုင်လည်း ဒါကို သုံးနေပါတယ်။