29.8.2016

ကမ္ဘာပေါ်မှာ တစ်ခုပဲရှိတဲ့အဆင်တန်ဆာလေး

နယူးဆောင်းပါး

Leporf Deco

Tiara၊ Crown၊ Bonne၊ Headband၊ ဦးထုပ်၊ ပန်းပွင့်………
မိန်းကလေးတွေအတွက် ဖက်ရှင်အဆင်တန်ဆာရွေးတာက စိတ်ဝင်စားစရာဖြစ်ပါတယ်။

ဒါပေမယ့် Yukata၊ Kimono စတဲ့ ဂျပန်ရိုးရာဝတ်စုံနဲ့ လိုက်ဖက်တဲ့အဆင်တန်ဆာကိုရွေးမယ်ဆိုရင် နည်းနည်းခက်ပါတယ်။ ဇာ၊ ပုလဲ၊ ဖဲကြိုး၊ ပန်းရောင်စုံ၊ ငှက်တောင်သုံးအဆင်တန်ဆာတို့က ချစ်စရာကောင်းပေမယ့် ဂျပန်ရိုးရာဝတ်စုံနဲ့ သိပ်မလိုက်ဘူး။

ဒီနေ့ မိတ်ဆက်ပေးမယ့်အဆင်တန်ဆာပစ္စည်းတွေဟာ ကမ္ဘာပေါ်မှာ အဲဒီတစ်ခုပဲရှိပါတယ်။ Leporf Deco ဆိုင်မှာရောင်းတဲ့ နောက်ဆုံးပေါ်ဒီဇိုင်း အဆင်တန်ဆာတွေကို လေ့လာကြည့်ကြပါ။

GekkBijin

Leporf Deco

http://leporf.com

အဆင်တန်ဆာပစ္စည်းတွေရဲ့ ခေါင်းစဉ်က “ Gekka Bijin(လရောင်အောက် ချောချောလေး)” ဖြစ်ပါတယ်။

{အတွေးအခေါ်}
ဒီတစ်ခါမိတ်ဆက်ပေးမယ့် Leporf Deco ဆိုင်မှာရောင်းတဲ့အဆင်တန်ဆာပစ္စည်း “ Gekka Bijin” ဟာ တည်ငြိမ်မှုကို ဖေါ်ပြထားပါတယ်။ အထူးသဖြင့် လသာတဲ့ည တစ်ညပဲမှာပွင့်တဲ့ ပန်းပွင့်ကို ဖော်ပြထားတာဖြစ်ပါတယ်။ “ Chirimen” ဆိုတဲ့ ဂျပန်ရိုးရာပိတ်စ၊ ပုတီးစေ့အမျိုးမျိုးတို့နဲ့ လုပ်ထားပါတယ်။ “ Tsumami zaiku” လို့ခေါ်တဲ့နည်းနဲ့ အသေးစိတ်ထိလှအောင် ဖန်တီးထားပါတယ်။ ကျွမ်းကျင်သူက ပိတ်စ၊ ပုတီးစေ့တို့ရဲ့အရောင်အရ ဒီဇိုင်းကို စဉ်းစားရေးဆွဲနေပါတယ်။ ဒီလိုဒီဇိုင်းတွေကို အခု အွန်လိုင်မှာ ဝယ်ယူနိုင်ပါတယ်။

အဆင်တန်ဆာပစ္စည်း

“ Gekka Bijin” တစ်ခုကို ကမ္ဘာ့အလှမယ်ပြိုင်ပွဲ Miss Tourism World နောက်ဆုံး ဗိုလ်လုပွဲမှာ ဂျပန်ကိုယ်စားလှယ်က ဝတ်ဆင်ခဲ့ပါတယ်။ Leporf Deco ဆိုင်က ဂျပန်နိုင်ငံရဲ့ အလှအပယဉ်ကျေးမှုကို နိုင်ငံတကာကို ပြသခဲ့တာဖြစ်ပါတယ်။

Leporf Deco

Leporf Deco

Leporf Deco ဆိုင်မှာရောင်းတဲ့ အဆင်တန်ဆာပစ္စည်းတွေ အားလုံးကို မMegumi Honma က တစ်ယောက်တည်း ထုတ်နေပါတယ်။ ဂျပန်ရိုးရာဝတ်စုံနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းနဲ့အရောင်ကိုစဉ်းစားပြီး အဆင်တန်ဆာတစ်ခုပြီးဖို့ တော်တော်အချိန်ယူရပါတယ်။

Gekka Bijin ၂

Gekka Bijin ၂ [10,800 JPY]

Gekka Bijin ၁၄ [10,800 JPY]

Gekka Bijin ၁၄ [10,800 JPY]

Gekka Bijin ၅

Gekka Bijin ၅ [10,800 JPY]


Leporf Deco ဆိုင် ဒီဇိုင်းဒါရိုက်တာ
မMegumi Honma နဲ့ တွေ့ဆုံခြင်း

* Leporf Deco ဆိုင်အကြောင်း ရှင်းပြပေးပါ။
Leporf Deco ဟာ အလှပြင်အဆင်တန်ဆာပစ္စည်းတွေရောင်းတဲ့ဆိုင်ပါ။ အဆင်တန်ဆာပစ္စည်းဆိုတာက Coordinate နဲ့ ပုဂ္ဂိုလ်ရေးကိုပြသဖို့ အရေးကြီးပါတယ်။ ဒါကြောင့် တစ်ခုပြီးမှတစ်ခု လှအောင်လုပ်နေပါတယ်။

* “Leporf Deco” ဆိုတဲ့နာမည်ရဲ့ အဓိပ္ပါယ်က ဘာလဲ။
Leporf ဆိုတာ ကျွန်မတို့ ကိုယ်တိုင်ထွင်ခဲ့တဲ့စကားလုံးပါ။ ဒါက “နတ်သမီး နဲ့ မျက်လှည့်” ဆိုတဲ့ အဓိပ္ပါယ်ပါ။ Leporf နဲ့ Deco ကို ပေါင်းရင် “နတ်သမီးရဲ့မျက်လှည့်နဲ့ အလှဆင်တယ်” ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

* Wafulu ပရိသတ်တွေအတွက် message
ဂျပန်ယဉ်ကျေးမှုကိုလေ့လာဖို့ ဒီ Gekka Bijin အဆင်တန်ဆာတွေကို နိုင်ငံခြားပရိသတ်တွေကိုလည်း သုံးစေချင်ပါတယ်။ အခု ဂျပန်နိုင်ငံမှာ လူကြီးတွေပဲမဟုတ်ဘဲ လူငယ်တွေလည်း Yukarta၊ Kimono စတဲ့ ဂျပန်ရိုးရာဝတ်စုံကိုဝတ်ပြီး အပြင်ထွက်တာကို ကြိုက်လာကြပါတယ်။ ကျွန်မတို့ရောင်းတဲ့ အဆင်တန်ဆာပစ္စည်းတွေနဲ့အတူ ဂျပန်ဖက်ရှင်ကို လေ့လာပြီး မိန်းကလေးတိုင်း လှကြရအောင်။

Gekka Bijin

ဂျပန်ရိုးရာဝတ်စုံဟာ ဝတ်ဖို့နည်းနည်းခက်လို့ အခုခေတ်မှာ ကျွန်မတို့က နေ့တိုင်းတော့ မဝတ်ကြပါဘူး။ ဒါပေမယ့် ဂျပန်ရိုးရာဝတ်စုံနဲ့ အပြင်သွားချင်တဲ့လူ အများကြီးရှိတာ မှန်ပါတယ်။

Leporf Deco

Leporf Deco က ပရိသတ်တွေအတွက် ဂျပန်ရိုးရာဝတ်စုံနဲ့ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နိုင်ဖို့ ကူညီပေးပါမယ်။

Leporf Deco

Leporf Deco

Leporf Deco ဆိုင်ဟာ ဖက်ရှင်အဆင်တန်ဆာတွေကို ရောင်းနေပါတယ်။ မိန်းကလေးတိုင်း နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် ကျွမ်းကျင်သူက တစ်ခုပြီးမှတစ်ခု အသေးစိတ်ထိလှအောင် ထုတ်နေပါတယ်။

Web: http://leporf.com/
Facebook: https://www.facebook.com/leporf.deco/
မော်ဒယ်: Ruri Takema (2016 Miss Tourism Japan အနိုင်ရသူ)


Akochua

Akochua

ကျွန်မရဲ့အမေဟာ သူများကိုပျော်စေတာ အရမ်းကြိုက်ပြီး အဖေဟာ ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်တာ ကြိုက်ပါတယ်။ (ကျွန်မလည်း အတူတူပဲပါ။) အသက် ရှစ်နှစ် ကတည်းက သီချင်းရေးတာ ဝါသနာပါပါတယ်။
spoon+ ကို ထုတ်ပြီးတော့ ၂၀၁၄ ခုနှစ်ကတည်းက WEBဆိုင် “ GEEKCLOTHING” မှာ အင်္ကျီဒီဇိုင်း ရေးနေပါတယ်။ ပြီးတော့ PV ရိုက်ခြင်း၊ ဖက်ရှင်ဆိုင်ရာအကြံပေးခြင်း၊ narrator၊ MC၊ မော်ဒယ် စတဲ့ အလုပ် အမျိုးမျိုး လုပ်နေပါတယ်။

[Twitter] https://twitter.com/acocream
[Facebook] https://www.facebook.com/acochualove
[official WEB] http://spoon-web.net