29.8.2016

Kawagoe ရိုးရာအဆောက်အအုံနဲ့ ပေါင်မုန့်

နယူးဆောင်းပါး

Kawagoe

Saitama ခရိုင် Kawagoe မြို့မှာ ရှေးဟောင်း ရိုးရာအဆောက်အအုံတွေ အများကြီး ထိန်းသိမ်းထားတာကို တွေ့နိုင်ပါတယ်။ Meijiခေတ် အစောပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ “Kashiya Yokocho ” (မုန့်ဆိုင်တန်း) မှာ အခုအချိန်ထိ ဂျပန်ရိုးရာမုန့်တွေ အမျိုးမျိုး ရောင်းနေပါတယ်။ အခု ဂျပန်နိုင်ငံမှာ အဲဒီလို ရိုးရာအဆောက်အအုံတွေ နည်းလာနေတာကြောင့် ပြည်တွင်ပြည်ပခရီးသည် အများကြီးလာကြတာဖြစ်ပါတယ်။ အပေါ်က ဓာတ်ပုံမှာပါတဲ့ ပေါင်မုန့်ဆိုင်လည်း အဲဒီ မုန့်ဆိုင်တန်းထဲမှာ ရှိပြီး နာမည်ကြီးလာတဲ့ဆိုင်တစ်ခု ဖြစ်ပါတယ်။

Kawagoe ပေါင်မုန့်ဆိုင် Raku Raku

ဒီဆိုင်လည်း ဂျပန်ရိုးရာအဆောက်အအုံ ဖြစ်ပါတယ်။ ဆိုင်ရှေ့မှာရှိတဲ့ ဆိုင်ဘုတ်မှာ ဒီဆိုင်မှာ လူကြိုက်အများဆုံးဖြစ်တဲ့ “Miso မုန့်” ရဲ့ပုံ ဆွဲထားပါတယ်။ Miso မုန့်ထဲမှာ Chichibu Miso ထည့်ထားပါတယ်။

ဆိုင်ရှင်က ဦး Ueno ဖြစ်ပါတယ်။ သူ့ဇနီးနဲ့အတူတူ မုန့်လုပ်နေတာပါ။ ဂျုံက ပြည်တွင်းမှာထုတ်တဲ့ဂျုံကိုပဲ သုံးနေပါတယ်။ ဓာတုပစ္စည်းလည်း လုံးဝ မသုံးဘူးလို့ ဆိုင်ရှင်က ပြောလိုက်ပါတယ်။

ပြီးတော့ ပေါင်မုန့်ထဲမှာ Sake lees ထည့်ထားပါတယ်။ Sake ဆိုတာ ဂျပန်ရိုးရာနည်းနဲ့ လုပ်ထားတဲ့ အရက်တစ်မျိုးပါ။

Miso မုန့်

လူကြိုက်များတဲ့ပေါင်မုန့် နောက်တစ်မျိုးက ကစွန်းဥပေါင်မုန့်ပါ။ (အောက်ကပုံ) Kawagoe မြို့မှာ ထုတ်တဲ့ကစွန်းဥကို သုံးနေပါတယ်။

ဒီဆိုင်မှာ ကော်ဖီလည်း သောက်လို့ရပါတယ်။ ဆိုင်ရှေ့မှာ ထိုင်ခုံတွေရှိလို့ ထိုင်စားရင်း ရိုးရာအဆောက်အအုံတွေ လေ့လာနိုင်ပါတယ်။

ကစွန်းဥပေါင်မုန့်

ဆိုင်နားမှာ ဆိုင်ခွဲသစ်လည်း ဖွင့်ထားပါတယ်။ အဲဒီဆိုင်မှာ sandwich ပေါင်မုန့် အမျိုးမျိုး ရောင်းနေတာပါ။ ဆိုင်မှာဝယ်တဲ့ sandwichကို အပေါ်ထပ်မှာ ထိုင်စားလို့ရပါတယ်။

ဒီနေ့ မိတ်ဆက်ပေးတဲ့ ပေါင်မုန့်က ဂျပန်ရိုးရာအရသာဖြစ်ပေမယ့် ဆိုင်မှာတော့ အနောက်တိုင်းအရသာပေါင်မုန့်တွေလည်း အမျိုးမျိုးရောင်းနေပါတယ်။

အနောက်တိုင်းအရသာပေါင်မု

ပိုက်ဆံရှင်းတဲ့အခါ ဆိုင်ကဝန်ထမ်းကို ပိုက်ဆံ တိုက်ရိုက် မပေးဘဲ စက်ကိုသုံြး့ပီး ပိုက်ဆံရှင်းရပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ ပိုက်ဆံက ညစ်ပတ်လို့ပါ။ ဝန်ထမ်းရဲ့လက်က ညစ်ပတ်ရင် customerတွေက စိတ်ချပြီး မစားနိုင်လို့ ဖြစ်ပါတယ်။

Kawagoe ကို အလည်လာမယ်ဆိုရင် ဒီဆိုင်ကို လာကြည့်ကြပါနော်။

Kawagoe ပေါင်မုန့်ဆိုင် Raku Raku

Kawagoe ပေါင်မုန့်ဆိုင် Raku Raku

Access

ဘတ်စ်ကားစီးရင် Kawagoe ဘူတာက စီးပြီး “Fudanotsuji” မှတ်တိုင်မှာ ဆင်းပါ။

လမ်းလျှောက်ရင် Hon-Kawagoe ဘူတာက ၁၅ မိနစ်လောက်ပါ။

Hon-Kawagoe ဘူတာက 1,162m ကွာပါတယ်။

ဆိုင်ဖွင့်ချိန်

7:30~17:00 တနင်္လာနေ့တိုင်း ပိတ်ပါတယ်။ (တစ်ခါတလေ တခြားနေ့မှာလည်း ပိတ်ပါတယ်။)

ကြားရက်မှာလည်း မနက် 7:30 မှာ ဖွင့်ပါတယ်။

စားသောက်ဆိုင်လည်း တနင်္ဂနွေမှာ ဖွင့်ပါတယ်။

ပိတ်ရက် အကြောင်း အသေးစိတ်သိချင်ရင် website ကို ကြည့်ကြပါနော်။

Website
http://www.bakery-rakuraku.com/

(ရေးသူ profile)

Rieko Ohtani

Rieko Ohtani

နိုင်ငံခြားမှာ ၁၃ နှစ်လောက် နေထိုင်ပြီး ဂျပန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ စားသောက်ဆိုင်သွားပြီး အစားအစာတွေ လေ့လာတာ အရမ်းကြိုက်ပါတယ်။ ကျန်းမာရေးအတွက် နေ့တိုင်း gym လည်း သွားနေတာပါ။ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း စိတ်ဝင်စားပြီး တိုကျိုမြို့မှာရှိ အနုပညာပြတိုက်တွေ သွားတာလည်း ဝါသနာပါပါတယ်။