25.8.2016

wafulu editor က မိတ်ဆက်ပေးချင်တဲ့ ဂျပန်ပစ္စည်းလေး VOL.4

နယူးဆောင်းပါး

အခု ဂျပန်နိုင်ငံမှာ လူကြိုက်များလာတဲ့ ပစ္စည်း၊ အစားအစာ ငါးခုကို မိတ်ဆက်ပေးပါမယ်။

Shinkougei ဆိုင်က အရုပ်လေး

016 Shinkougei ဆိုင်က အရုပ်လေး

ဒီဆိုင်မှာ ကျွမ်းကျင်သူတွေက စက်မသုံးဘဲနဲ့ အရုပ်တစ်ခုစီကို လက်နဲ့ အရောင်ဆိုးနေပါတယ်။ အရုပ်ပုံစံလည်း အများကြီးရှိတာကြောင့် အဆင်တန်ဆာအနေနဲ့ နှစ်ခု၊ သုံးခုလောက် အိမ်မှာ အလှဆင်ရင် ကောင်းပါတယ်။ ဒီဆိုင်ဟာ ဂျပန်နိုင်ငံ Gifu ခရိုင် Hida Takayamaမြို့မှာ ရှိပါတယ်။

ထမင်းဗူး

017 Miyabidake ဆိုင်က ထမင်းဗူး

အခု ဂျပန်နိုင်ငံမှာ ဝါးနဲ့လုပ်ထားတဲ့လက်ရာ ပစ္စည်းလေးတွေ ခေတ်စားနေပါတယ်။ အထူးသဖြင့် ဝါးနဲ့လုပ်ထားတဲ့ ထမင်းဗူးဟာ လူကြိုက်များလာပြီး မဂ္ဂဇင်း၊ ဂျာနယ်တို့မှာ ခဏခဏ တွေ့နိုင်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

Yasou ဆိုင်က ပန်းစည်းလေး

018 Yasou ဆိုင်က ပန်းစည်းလေး

ဆိုင်မှာရောင်းတဲ့ ဈေးကြီးတဲ့ နှင်းဆီပန်လည်း လှပေမယ့် ဒီလိုမျိုး နာမည်မသိတဲ့ ပန်းလေးတွေလည်း ချစ်စရာကောင်းတယ်နော်။ ဒီဆိုင်မှာ ဒီလိုမျိုး ပန်းစည်းတွေကိုအဆင်တန်ဆာအနေနဲ့ သုံးဖို့ အရောင်၊ ပုံစံတွေ စဉ်းစားပြီး လုပ်နေပါတယ်။ ပန်းအိုးတစ်ခုဝယ်ပြီး အိမ်နားက ခူးထားတဲ့ပန်းပင်တွေလည်း အတူတူဆင်ရင် ပိုကောင်းပါတယ်။

Iwakura ဆိုင်က ပုတီး

019 Iwakura ဆိုင်က ပုတီး

ပရိတ်ရွတ်တဲ့အခါပဲ မဟုတ်ဘဲ လမ်းလျှောက်တဲ့အခါ၊ စာဖတ်တဲ့အခါမှာလည်း ကိုယ်ကိုယ်ကို ကံကောင်းစေနိုင်တဲ့ ပုတီးဖြစ်ပါတယ်။ ဒီဆိုင်မှာ Morishio (evil spirit ကို တိုက်ဖျက်ခြင်း) လုပ်ဖို့ ပစ္စည်းလည်း ရောင်းနေပါတယ်။ စိတ်ဝင်စားစရာကောင်းတယ်နော်။

Baba-shoten ဆိုင်က ရေခွက်လေး

020 Baba-shoten ဆိုင်က ရေခွက်လေး

ဒီရေခွက်ရဲ့ အထဲမှာ ရွှေရောင်ငါးရဲ့ပုံ ဆွဲထားပါတယ်။ ဒီငါးက ဂျပန်နိုင်ငံမှာ ဂုဏ်ပြုစရာရှိတဲ့အခါမှာ လူတွေစားတတ်တဲ့ငါး ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို လက်ဆောင်အနေနဲ့ ပေးရင် အကောင်းဆုံးပါပဲ။ ဒီဇိုင်း၊ အရောင်လည်း အမျိုးမျိုး ရှိပါတယ်။