19.8.2016

ပဲနို့၊ ကြံသကြားတို့ သုံးတဲ့ gelato ရေခဲမုန့်ဆိုင် “Gelateria TIE-AN”

နယူးဆောင်းပါး

Shibuya Hikarie အတွင်း ဖွင့်လှစ်ပါပြီ

၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ တိုကျိုမြို့မှာရှိ Shibuya Hikarie ShinQs B2F မှာ gelato ရေခဲမုန့်ဆိုင် “Gelateria TIE-AN” ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

gelato ရေခဲမုန့်ဆိုင်

■ “WA” ကို အဓိကထားတဲ့ gelato ရေခဲမုန့်ဆိုင်

ဒီဆိုင်ကို ဂျပန်နိုင်ငံမှာ နာမည်ကြီးတဲ့ gelato ရေခဲမုန့်ဆိုင် “Mario Gelateria” က ဆိုင်ခွဲ brand အသစ် အနေနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Mario Gelateria ဆိုင်က gelato ရေခဲမုန့်တွေဟာ ဓာတုပစ္စည်း လုံးဝ မသုံးထားပါဘူး။ အရသာက အမျိုး (၈၀) လောက် ရှိပါတယ်။
“အထူးဧည့်သည်တွေကို ဧည့်ခံဖို့ ဘယ်လိုမျိုးမုန့်တွေ ကျွေးရင်ကောင်းမလဲ…” လို့စိတ်ကူးစဉ်းစားပြီး ကျန်းမာရေးအတွက် ကောင်းကျိုးရှိတဲ့ ပဲနို့၊ ကြံသကြား တို့နဲ့လုပ်တဲ့ gelato ရေခဲမုန့်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ အရသာအများစုက ဂျပန်ရိုးရာအရသာဖြစ်ပေမယ့် ဆိုင်ထဲကတော့ အနောက်တိုင်းလို လှလှပပ အလှဆင်ထားပါတယ်။

■ ကျန်းမာရေးအတွက် ကောင်းတဲ့ ပဲနို့၊ ကြံသကြား

ပဲနို့ဟာ protein စတဲ့ အဟာရ ပြည့်ဝတဲ့ အစားအစာဖြစ်ပြီး ကြံသကြားလည်း mineral အများကြီးပါပါတယ်။ သူတို့ဟာ ကယ်လိုရီ နည်းတဲ့အတွက် ကျန်းမာရေးကို မထိခိုက်ကြပါဘူး။ Gelateria TIE-AN မှာ gelato အရသာ (၁၂) မျိုးရှိပြီး ရာသီအထူးအရသာလည်း တစ်ခါတလေ ရောင်းနေပါတယ်။

■ ဂျပန်ရိုးရာမုန့် Senbei ပါတဲ့ Senbei Brothers

gelato

ဂျပန်ယဉ်ကျေးမှု “WA” ကို ခံစားနိုင်အောင် ရိုးရာမုန့် senbei ကို ထည့်ထားတဲ့ gelato အရသာအသစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ အဲဒီ gelato အရသာအသစ်အတွက် Senbei Brothersဆိုင်က အထူး senbei ကို ထုတ်လုပ်နေပါတယ်။ ရိုးရိုး senbei ဟာ ဆား များများသုံးထားလို့ ငန်ပါတယ်။ ဒါပေမယ့် gelato အတွက် အထူးလုပ်ထားတဲ့ senbei ကတော့ gelato နဲ့ အတူတူစားရင် အရမ်းကောင်းပါတယ်။ ဒီ senbei ဟာ ဆန်နဲ့ လုပ်ထားပါတယ်။ သကြားကို လုံးဝ မသုံးထားပါဘူး။

Gelateria TIE-AN မှာ Senbei Brothersဆိုင်က လူကြိုက်များတဲ့ မုန့်တွေလည်း ဝယ်ယူနိုင်ပါတယ်။

■ ဂျုံ မပါတဲ့ healthy crepe

gelato

အုတ်ဂျုံ၊ ဆန်မှုန့်၊ အာတာလွတ်ဥမှုန့်၊ ပဲနို့၊ beet သကြား၊ သံလွင်ဆီ တို့ကို အဓိကသုံးထားတဲ့ crepe တွေလည်း ရောင်းနေပါတယ်။ နွားနို့၊ ရိုးရိုးဂျုံ၊ ရိုးရိုးသကြားတို့ကို မသုံးထားတာကြောင့် တခြားဆိုင်က crepeနဲ့ မတူတဲ့ ထူးဆန်းတဲ့ အရသာကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ အရသာက (၁၁) မျိုး ရှိပါတယ်။

■ ခေတ်စားနေတဲ့ Cleanse soup

gelato

အခု နိုင်ငံတကားမှာ ခေတ်စားနေတဲ့ cleanse soup လည်း ဒီဆိုင်မှာ သောက်နိုင်ပါတယ်။ အာဟာရဗေဒ ပညာရှင်က ဖန်တီးခဲ့တဲ့ cleanse soup (၃) မျိုးကို ရောင်းနေပါတယ်။ ဟင်းသီးဟင်းရွက် အများကြီးသုံးထားတာကြောင့် ခန္ဓာကိုယ် ကျန်းမာအောင် သောက်ကြည့်ကြပါ။

■ ဂျပန်ရိုးရာလက်ရာလေး

ဆိုင်မှာ အစားအစာပဲ မဟုတ်ဘဲ ဂျပန်ရိုးရာ လက်ရာ၊ ပစ္စည်းလေးတွေလည်း ရောင်းနေပါတယ်။ ဂျပန်နိုင်ငံရောက် အမှတ်တရ အနေနဲ့ ကိုယ်နှစ်သက်တဲ့ ပစ္စည်းတွေ ရှာကြည့်ကြပါနော်။

■ MENU

[Gelato]
၂ မျိုး 441yen
၃ မျိုး 540yen
၎ မျိုး 631yen
vanilla/grains chocolate/နို့ဆီ & စတော်ဘယ်ရီ/သရက်သီး & လိမ္မော်သီး/cheese nuts/salted banana & brown sugar caramel/triple berry/Uji matcha/တို့ဟူး cream/dumplings & salty sweet sauce/Japanese rice cake & စတော်ဘယ်ရီ & red bean paste/green soy beans & raspberry & white chocolate

[Crepe]
*Crape (အငန်) 540yen
Kinpira-gobou/tuna & တော်ပတ်သီး/wasabi & soy sauce/မှို & ကညွန် & bacon/ရွှေဖရုံသီး salad/uncured ham & cream cheese

*Crape (အချို) 540yen
brown sugar syrup & ပဲမှုန့် & bracken starch dumpling whip/စတော်ဘယ်ရီ & red bean paste/ငှက်ပျော်သီး & စတော်ဘယ်ရီ/cinnamon & ပန်းသီး (red wine အရသာ)/butter sugar

[Soup] 540yen
*Green soup – Vitamin B9 ပြည့်ဝတယ်
*Yellow soup – Dietary fibers ပြည့်ဝတယ်
*Orange soup – Phytochemical (၇) မျိုး ပါတယ်
ပါဆယ် ထုပ်နိုင်ပါတယ်။
အခွန်ပါပြီးသား ဈေးနှုန်း ဖြစ်ပါတယ်။

ကမ္ဘာမှာ ဒီဆိုင်မှာပဲ စားနိုင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

“Gelateria TIE-AN”
လိပ်စာ: 〒150-8509 တိုကျိုမြို့ Shibuyaရပ်ကွက် Shibuya2-21-1 Shibuya Hikarie ShinQs B2F
URL: http://www.tie-an.com
Instagram: https://www.instagram.com/gelateria_tiean/
Facebook: https://www.facebook.com/GelateriaTieAn/
Twitter: https://twitter.com/GelateriaTIE_AN