8.8.2016

Tenugui အသုံးပြုနည်းတေ

နယူးဆောင်းပါး

“Tenugui” ဟာ အခု ဂျပန်နိုင်ငံမှာခေတ်စားတဲ့ ရိုးရာပစ္စညိးတစ်ခု ဖြစ်ပါတယ်။ အခု အဲဒီဒီဇိုင်းက ရိုးရာဒီဇိုင်းပဲမဟုတ်ဘဲ လူငယ်တွေကြိုက်ကြတဲ့ ချစ်စရာကောင်းတဲ့ဒီဇိုင်းတွေလည်း အများကြီးရှိပါတယ်။ အသုံးပြုနည်းလည်း အမျိုးမျိုးရှိပြီး စိတ်ဝင်စားတဲ့လူ များလာပါတယ်။

ရှေးရှေးတုန်းက Edo ခေတ်၊ Meiji ခေတ်မှာ Tenugui ဟာ မရှိမဖြစ် နေ့စဉ်သုံးပစ္စည်းတစ်ခု ဖြစ်ပေမယ့် အခုခေတ်ကျတော့ အလှဆင်ပစ္စည်း၊ အသုံးဝင်ပစ္စည်းအနေနဲ့ ခေတ်စားနေပါတယ်။ ပရိသတ်တွေလည်း Tenugui တစ်ခုလောက်ဝယ်ပြီး သုံးကြည့်ကြပါ။

ရှေးရှေးတုန်းက ဂျပန်လူမျိုးတွေက Tenugui ကို လက်ကိုင်ပဝါ အနေနဲ့ သုံးခဲ့ကြတယ်။ ပါးလို့ မြန်မြန်ခြောက်ပြီး အမြဲတမ်း သုံးဖို့ အဆင်ပြေပါတယ်။ အဲဒီအပြင် အောက်ပါလို သိစရာကောင်းတဲ့ အသုံးပြုနည်းတွေလည်း ရှိပါတယ်။

Tenugui

1. အလှဆင်ခြင်း

စားပွဲပေါ်မှာရော အခန်းထဲမှာပါ အလှဆင်ပစ္စည်းအနေနဲ့ သုံးပြီး ရာသီအလိုက် ဒီဇိုင်းပြောင်းရင် ပိုကောင်းပါတယ်။ ခက်ရင်း၊ ဇွန်းတွေကို Tenugui နဲ့ထုပ်ပြီး ဧည့်ခံရင် အရမ်းလှပါတယ်။


2. ပစ္စည်းထုပ်ခြင်း

လက်ဆောင်ကို Tenugui နဲ့ထုပ်ရင် Tenugui ကိုလည်း လက်ဆောင်နဲ့ အတူတူပေးနိုင်ပါတယ်။ အိမ်မှာတော့ ပစ္စည်းတွေကိုထုပ်ရင် သေတ္တာ၊ ပုံး၊ ဘူး အနေနဲ့လည်း သုံးနိုင်ပါတယ်။

3. လက်ဆောင်

တစ်ယောက်ယောက်ကို လက်ဆောင်ပေးဖို့ ပစ္စည်းကောင်းရှာနေတယ်ဆိုရင် Tenugui ကိုရွေးကြပါ။ တချို့ဆိုင်မှာ ကိုယ်ကြိုက်တဲ့ ဒီဇိုင်း၊ နာမည်ပါတဲ့ဒီဇိုင်းတွေကို မှာနိုင်ပါတယ်။

Tenugui ဆိုင် “Kamawanu”
ရိုးရာဒီဇိုင်းပဲဟုတ်ဘဲ ခေတ်စားတဲ့ဒီဇိုင်း၊ ကိုယ်တိုင်းစဉ်းစားတဲ့ဒီဇိုင်းတွေကို မှာနိုင်ပါတယ်။

Tenugui Kanno
ကြိုက်တဲ့ ပုံ၊ အရောင်၊ ဒီဇိုင်းတွေကို အသေးစိတ်ရွေးနိုင်ပါတယ်။

အိမ်မှာသုံးဖို့ရော လက်ဆောင်ပေးဖို့ပါ Tenugui ဟာ ရွေးတဲ့လူရဲ့ခံစားမှုကို ဖော်ပြနေတယ်လို့ ပြောနိုင်ပါတယ်။ အသုံးပြုနည်းအမျိုးမျိုးရှိလို့ နေ့စဉ်သုံးပစ္စည်းအနေနဲ့ သုံးကြည့်ကြပါ။

Tenuguiတွေ ကြာရှည်ခံအောင် ဆပ်ပြာ၊ ရေအပူ နဲ့ မလျှော်ရပါဘူး။ ဆပ်ပြာနဲ့လျှော်ရင် အရောင်ပျက်ခြင်း၊ ပြဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ရေအပူနဲ့လျှော်ရင်လည်း အရောင်ပြောင်းခြင်း၊ အရောင်ပျက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။