19.7.2016

ဂျပန်ဝန်ကြီးချုပ်က ဆုပေးခဲ့တဲ့ ရိုးရာမုန့် warabimochi

နယူးဆောင်းပါး

“Warabimochi” ဆိုတာ ဂျပန်လူမျိုးတွေက နွေရာသီမှာ စားကြတဲ့ ဂျပန်ရိုးရာမုန့်တစ်မျိုး ဖြစ်ပါတယ်။ warabimochi ဆိုင် အများကြီးထဲက အကောင်းဆုံးဆိုင် တစ်ဆိုင်ကို မိတ်ဆက်ပေးပါမယ်။

အဲ့ဒီဆိုင်က ဂျပန်နိုင်ငံ Nara ခရိုင် ဘုရားကြီးအနားမှာရှိ ရိုးရာမုန့်ဆိုင် “Kasho Senjyuan Yoshimune” ဖြစ်ပါတယ်။ (၂၁) ကြိမ်မြောက် ဂျပန်နိုင်ငံမုန့်ပြပွဲ မှာ အဲ့ဒီဆိုင်က ထုတ်လုပ်တဲ့ warabimochi မုန့်ကို ဂျပန်ဝန်ကြီးချုပ်က ဆုပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆိုင်ဟာ ဂျပန်နိုင်ငံမှာ အကောင်းဆုံး warabimochi မုန့်ဆိုင်လို့ ပြောနိုင်ပါတယ်။

ရိုးရာမုန့် warabimochi

Senjyuan Yoshimune ဆိုင်က ရောင်းနေတဲ့ warabimochi အမျိုးမျိုးထဲက လူကြိုက်များတဲ့တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါက အပူပေးပြီးမှ စားရတဲ့ warabimochi ပါ။ ပုံမှန်အားဖြင့် warabimochi ကို အပူပေးရင် အရည်အသွေး ကျဆင်းစေတတ်တယ်။ ဒါပေမယ့် ဒီ Senjyuan Yoshimune ဆိုင်က warabimochi ကတော့ အပူပေးရင် ပျော့သွားပြီး ပိုပြီး စားလို့ကောင်းသွားပါမယ်။

ရိုးရာမုန့် warabimochi

Warabimochiမုန့်

Warabimochiမုန့် ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကို microwave (500w, 90စက္ကန့်) နဲ့ အပူပေးပြီး ရေနဲ့ အအေးပေးပြီးမှ စားကြပါ။ ရေခဲသေတ္တာနဲ့ မိနစ် ၂၀ လောက် အအေးပေးလို့လည်း ရပါတယ်။

Warabimochiမုန်

အပူပေးပြီးမှစားရင် ရိုးရိုး warabimochi ထက် ပိုပြီး ပျော့ပါတယ်။ ထူးဆန်းတဲ့ warabimochi ကို မြိန်မြိန်ရှက်ရှက် စားကြည့်ကြပါနော်။

Warabimochiမုန့်

Senjyuan Yoshimune ဆိုင်က မုန့်တွေကို အောက်ပါ ဝက်ဆိုင်ကတစ်ဆင့် ဝယ်ယူနိုင်ပါတယ်။

Senjyuan Yoshimune HP
http://www.senjyuan.co.jp

Shopping
http://senjyuan.sub.jp/webshop/products/list.php?category_id=7