2.12.2016

[ရိုးရာမုန့်အမျိုးမျိုးထည့်ထားတဲ့ဘူး]

နယူးဆောင်းပါး

Ginza Kikunoya ဆိုင္က Fukiyose Kaiun-etokan

တစ်ယောက်ယောက်ကို လက်ဆောင်ပေးဖို့ စိစဉ်နေတဲ့ ပရိသတ်တွေအတွက် ဂျပန်ရိုးရာမုန့်ကို မိတ်ဆက်ပေးပါမယ်။

ဒီနေ့ မိတ်ဆက်ပေးချင်တာက Ginza Kikunoya ဆိုင်က “Fukiyose Kaiun-etokan” ဖြစ်ပါတယ်။ ဒါက ဆောင်းရာသီမှာပဲ ရောင်းတဲ့ အထူးမုန့်ဖြစ်ပြီး ဘူးထဲမှာ ရိုးရာမုန့်လေး အမျိုး (၃၀) လောက် ထည့်ထားပါတယ်။

Fukiyose Kaiun-etokan

“Fukiyose Kaiun-etokan” 1600yen (+အခွန်)
အလေးချိန:210g, ဘူး:အချင်း15.5cm၊ အမြင့်:4.5cm
ဖွင့်ပြီးမှ ရက် ၅၀ အတွင်း သုံးဆောင်ကြပါ။

[စားတာမရပ်နိုင်တဲ့ မုန့်လေးတွေ]

ဂျပန်နိုင်ငံမှာ မုန့်လေးတွေ အမျိုးမျိုးထည့်ထားတဲ့ ဘူးကို “Fukiyose” လို့ခေါ်ပါတယ်။ ရှေးကတည်းက ဂျပန်လူမျိုးတွေဟာ Fukiyose ကို တန်ဖိုးထားကြတာပါ။ Ginza Kikunoya ဆိုင်ဟာ ပြီးခဲ့တဲ့ ၁၂၆ နှစ်မှာ တည်ထောင်ခဲ့ပြီး Fukiyose ကို အဆက်မပြတ် ရောင်းနေတာဖြစ်ပါတယ်။

လူကြီးလူငယ်တွေအားလုံး Fukiyose ကြိုက်ကြပါတယ်။ ရာသီအလိုက်ရောင်းတဲ့ အထူး series ဟာ လူကြိုက် ပိုများပြီး အကုန်မြန်ပါတယ်။

ဒီဆောင်းရာသီမှာ ရောင်းချနေတဲ့ “Fukiyose Kaiun-etokan” ကိုစားရင် တစ်နှစ်လုံး ကျန်းမာချမ်းသာနိုင်မယ်လို့ လူတွေယုံကြည်ကြတာဖြစ်ပါတယ်။

ဘူးထဲမှာ ဂျပန်လူမျိုးတွေက တန်ဖိုးထားကြတဲ့ တိရစ္ဆာန်၊ ထင်ရူးပင်၊ ဝါးပင်တို့ရဲ့ ပုံပါတဲ့ မုန့်၊ ဘီစကွတ်၊ သကြားလုံးတွေ ထည့်ထားပါတယ်။ ပုံစံ၊အရသာလည်း အမျိုးမျိုးရှိပြီး စစားရင် ရပ်လို့မရတော့ဘူး။

ရိုးရာမုန် ဂျပန်ရိုးရာမုန့်ေ

Ginza Kikunoya ဆိုင်ဟာ ဝယ်သူတွေကြိုက်ကြတဲ့ မုန့်တွေဖန်တီးဖို့ အခုအချိန်ထိ လေ့လာသုံးသပ်နေပါတယ်။ “မုန့်လေးတစ်ခုလောက်စားရင် ကျွန်မတို့ဂျပန်နိုင်ငံရဲ့ ရိုးရာအရသာ၊ ယဉ်ကျေးမှု၊ သမိုင်းတို့ကို ခံစားနိုင်ပါတယ်။ ကျွန်မတို့ဆိုင်က ဂျပန်ရိုးရာအရသာကို ဆက်မပြတ်အောင် မျိုးဆက်သစ်ကို သိစေချင်တာပါ” လို့ ဆိုင်က ဝန်ထမ်းတစ်ယောက်ကပြောကြားခဲ့ပါတယ်။

ကျွမ်းကျင်သူတွေ အားစိုက်ကြိုးစားပြီးလုပ်တဲ့ ဂျပန်ရိုးရာမုန့်လေးတွေကို စားကြည့်ကြပါဦး။

Ginza Kikunoya ဗဟိုဆိုင်

Ginza Kikunoya ဗဟိုဆိုင်

Ginza Core တိုက် မြေအောက်ထပ်၊ Ginza ၅-၈-၈၊ Chuo ရပ်ကွက်၊ တိုကျိုမြို့
ဆိုင်ဖွင့်ချိန်- မနက် ၁၁ နာရီ မှ ည ၈ နာရီ ထိ