28.11.2016

Wafulu editor က မိတ်ဆက်ပေးချင်တဲ့ ဂျပန်ပစ္စည်းလေး VOL.8

နယူးဆောင်းပါး

ရိုးရာစက္ကူ Washi နဲ့ လုပ်ထားတဲ့လက်ရာလေး

036 ရိုးရာစက္ကူ Washi နဲ့ လုပ်ထားတဲ့လက်ရာလေး

ဂျပန်ရိုးရာစက္ကူ Washi နဲ့ လုပ်ထားတဲ့ “သစ်ရွက် နဲ့ ကန်စွန်းဥ” အရုပ်ကလေးပါ။ အသေးစိတ်အထိ ကောင်းကောင်းဖန်တီးထားပါတယ်။ ဆောင်းဦးရာသီကျရင် ဂျပန်နိုင်ငံနေရာတိုင်းမှာတွေ့နိုင်တဲ့ ရှုခင်းကို သတိရစေပါတယ်။

Ishiyama Senko ရဲ့ လက်ကိုင်ပဝါ MONYOU

037 Ishiyama Senko ရဲ့ လက်ကိုင်ပဝါ MONYOU

Ishiyama Senko ကုမ္ပဏီကထုတ်တဲ့ ဂျပန်ရိုးရာလက်ကိုင်ပဝါပါ။ ဒီလက်ကိုင်ပဝါတွေက “Tsutsuji” (ပန်းနုရောင်) ၊ “Shinonome” (လိမ္မော်ရောင်) စတဲ့ အရောင်အမျိုးမျိုးကို ပေါင်းပြီး ဆေးဆိုးထားပါတယ်။ Genroku ခေတ် (* ၁၆၈၈-၁၇၀၄ ခုနှစ်) ကနေ ဆင်းသက်လာတဲ့ နည်းနဲ့ လုပ်ထားပါတယ်။

Tourindou ရဲ့ Taiyakiလေး

038 Tourindou ရဲ့ Taiyakiလေး (* အထဲမှာ ပဲဌာပနာထည့်ပြီး ကင်ထားတဲ့ရိုးရာမုန့်)

Tourindou ရဲ့ Taiyakiလေးဟာ မီးခြစ်ဘူးလောက် သေးပါတယ်။ အထဲမှာ ပဲဌာပနာ များများထည့်ထားပြီး အရသာကောင်းပါတယ်။ လူအများစုက Taiyaki ကို ကင်ကင်ချင်းစားတာကြိုက်ကြပေမယ့် အနားယူချိန်မှာ လက်ဖက်ရည်ကြမ်းနဲ့အတူ အေးအေးဆေးဆေးစားတာကလည်း ကောင်းပါတယ်။

Sugahara Kogei Garasu ရဲ့ ရေခွက်

039 Sugahara Kogei Garasu ရဲ့ ရေခွက်

ဒါက နာမည်ကြီးတဲ့ Sugahara Kogei Garasu ရဲ့ရေခွက် “Ki-ra” ဖြစ်ပါတယ်။ ဒီအရောင်နဲ့ ပုံစံကို ဖန်တီးတာက အရမ်းခက်တယ်။ အဝါရောင်အပြင် တခြားအရောင်လည်းအမျိုးမျိုးရှိပါတယ်။ ရှုမငြီးဘဲ အရမ်းလှပါတယ်။

ayame ရဲ့ မျက်မှန်

040 ayame ရဲ့ မျက်မှန်

ayame ကုမ္ပဏီက ဖက်ရှင်အတွက် မိုက်တဲ့တန်ဆာပစ္စည်းတွေ အမျိုးမျိုးထုတ်နေပါတယ်။ ဒီမျက်မှန်ကို ဂျပန်နိုင်ငံ Sabaeမြို့မှာထုတ်နေပါတယ်။ Sabaeမြို့ဟာ မျက်မှန်ထုတ်တာကျွမ်းကျင်သူ များပြီး နာမည်ကြီးပါတယ်။ ဒီမျက်မှန်က “သမိုင်းကိုလေ့လာ ၊ အနာဂတ်ကိုစိတ်ကူး” ဆိုတဲ့ theme နဲ့ လုပ်ထားပါတယ်။ မျက်မှန်အနေနဲ့ပဲမဟုတ်ဘဲ ဖက်ရှင်ပစ္စည်းအနေနဲ့လည်း သုံးလို့ရပါတယ်။