8.11.2016

Vol.4 လူတိုင်းအတွက် အကျိုးအာနိသင်ရှိတဲ့နေရာ ~Omotesando~

Feng Shui

တိုကျိုမြို့မှာရှိ Edo ရဲတိုက်ဟာ Fu-sui ဗေဒင်(*တရုတ်ရိုးရာဗေဒင်တစ်မျိုး) ကိုမူတည်ပြီးဆောက်ထားတဲ့ ရှေးဟောင်းအဆောက်အအုံဖြစ်ပါတယ်။ တိုကျိုမြို့မှာ ဗေဒင်အရဖန်တီးထားတဲ့ နတ်နန်း၊ဘုရား စတဲ့နေရာ(Spiritual Place)တွေ အများကြီးရှိပါတယ်။ တိုကျိုမြို့ဟာ Fu-sui ဗေဒင်နဲ့အတူ တိုးတက်စည်ကားလာတယ်လို့ ပြောနိုင်ပါတယ်။
Manidouဗေဒင်ကျောင်းက ဆရာမ ဒေါ်Kumiko က ဂျပန်နိုင်ငံရှိ Spiritual Place ကို မိတ်ဆက်ပေးပါမယ်။

 


(ဓာတ်ပုံ- Anivel Omotesando မှာ)

【Spiritual Place: Omotesando (တိုကျိုမြို့ Shibuyaမြို့နယ်)】

အာနိသင်:
Omotesando ဟာ အလုပ်မှာပြဿနာတက်ပြီး စိတ်ပင်ပန်းနေတဲ့လူ၊ စိတ်ချမ်းသာချင်တဲ့လူ၊ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကိုလိုချင်တဲ့လူ၊ စိတ်ဖိစီးမှုဝေဒနာရှင်တို့ကို အားပေးတိုက်တွန်းပေးတဲ့နေရာ ဖြစ်ပါတယ်။
ဒါပေမယ့် အလုပ်ရှုပ်ပြီး ကိုယ်ခန္ဓာပင်ပန်းနေတဲ့လူအတွက် အနားယူဖို့နေရာ မဟုတ်ပါဘူး။ Omotesando ဟာ Todoroki Keikoku ၊ Ueno Onshin Park စတဲ့ အပန်းပြေနေရာတွေနဲ့ မတူပါဘူး။

●ပစ္စည်း၊ ဈေးဆိုင်တွေစုံတဲ့ ခေတ်မီနေရာ Omotesando ကို Spiritual Place လို့ တကယ် ခေါ်နိုင်သလား

Wafulu editor:Omotesando မှာ စားသောက်ဆိုင်၊ အင်္ကျီဆိုင်တွေများလို့ ကျွန်မ ခဏခဏလာတယ်။ ဒါပေမယ့် Spiritual Place အနေနဲ့ လေ့လာဖို့ ဆရာမနဲ့ဒီကိုလာမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။

ဒေါ်Kumiko:Omotesando ဟာ Meiji နန်းတော်ရဲ့စောင်းတန်းပါ။ အရမ်းရှည်တယ်နော်။ JR Harajuku ဘူတာရုံ တောင်ဂိတ်ကနေသွားနိုင်တယ်။ နာမည်ကြီးတဲ့ Meiji နန်းတော်ပဲမဟုတ်ဘဲ Omotesando ကိုလည်း Spiritual Place လို့ ခေါ်နိုင်တယ်။ Meiji နန်းတော်အကြောင်းကိုတော့ နောက်နေ့မှာ ရှင်းပြပေးမယ်နော်။ Omotesando ကို အလည်လာမယ်ဆိုရင် Omotesando မှာ ဘယ်လိုအာနိသင်မျိုး ရနိုင်မလဲ ဆိုတာကို သိထားရင်ကောင်းတယ်။

Wafulu editor:Omotesando မှာ ဈေးဝယ်ရင်း အကျိုးအာနိသင်လည်းရနိုင်မယ်ဆိုရင် အရမ်းကောင်းတယ်နော် ဆရာမ။

ဒေါ်Kumiko:Spiritual Place တွေမှာရနိုင်တဲ့အာနိသင်ဟာ အချိန်ကာလအလိုက် ပမာဏ၊ အရှိန် မတူဘူး။ Fu-sui ဗေဒင်မှာ နဂါးက လှုပ်ရှား(ရွေ့လျား)ရင် ကောင်းကင်နဲ့မြေကြီးတွေလည်း လှုပ်ရှားပြီး ခေတ်ကာလအခြေအနေကို ပြောင်းစေတတ်တယ်လို့ ယုံကြည်တယ်။ နဂါးဟာ Fu-sui ဗေဒင်အတွက် တန်ခိုးကြီးတဲ့သတ္တဝါပါ။ ကျွန်မတို့ ဗေဒင်ဆရာတွေက “Sangenkyu-un” (*နဂါးက ကောင်းကင်နဲ့မြေကြီးတို့ကို လှုပ်ရှားစေတဲ့ အချိန်ကိုဖော်ပြထားတဲ့ အယူအဆ၊ခန့်မှန်းချက်) အရ ဗေဒင်တွက်နေပါတယ်။

Wafulu editor:အာနိသင်က အချိန်ကာလအလိုက်မတူတာကို ကျွန်မ အခုမှသိပါတယ်။

ဒေါ်Kumiko:「“Sangenkyu-un”အရဗေဒင်တွက်ရင် ၂၀၂၃ ခုနှစ်အထိ အနောက်မြောက်ဘက် ကနေ အရှေ့တောင်ဘက် ၊ အရှေ့တောင်ဘက် ကနေ အနောက်တောင်ဘက်ကိုသွားရင် ကံကောင်းလာမယ် ဆိုတဲ့ရလဒ် ရခဲ့တယ်။ Omotesando ကလည်း အနောက်မြောက်ဘက် ကနေ အရှေ့တောင်ဘက်ကို သွားတဲ့လမ်းမို့လို့ Spiritual Place အနေနဲ့ အကျိုးအာနိသင်ရနိုင်တဲ့နေရာလို့ ပြောနိုင်တယ်။

မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့အတူ သွားကြစို့

Wafulu editor:အရင်က ကျွန်မတို့သွားတဲ့ “Todoroki Keikoku” “Ueno Onshin Park” တို့နဲ့မတူဘူးနော် ဆရာမ။ Fu-sui ဗေဒင်မှာ ရေဟာ “အသက်သွေးခဲ”လို့ တင်စားပြီး မြစ်၊ရေကန် တွေကို အမြတ်တနိုးထားပါတယ်။ ဒါပေမယ့် Omotesando မှာ မြစ်၊ရေကန်တွေ မရှိဘူး။

ဒေါ်Kumiko: ဟုတ်တယ်။ Omotesando မှာ မြစ်ရော ရေကန်ရော မတွေ့ဘူး။ ဒါပေမယ့် တကယ်တော့ လမ်း (ကွန်ကရစ်) အောက်မှာ Shibuyaမြစ် ရှိတယ်။ အခု မြစ်ပေါ်မှာလမ်းခင်းထားလို့ မတွေ့ဘူး။ အရင်တုန်းက လမ်းမရှိသေးတဲ့အခါ ဒီမှာ “Santoubashi” တံတားဆောက်ထားတယ်။ အခုနောက်ပိုင်းမှာလည်း မြစ်က လမ်းအောက်မှာရှိလို့ လမ်းဘေးမှာစိုက်ထားတဲ့သစ်ပင်တွေက စိမ်းလန်းနေတယ်။

Wafulu editor:ကျွန်မ Omotesando ကို ခဏခဏလာပေမယ့် မသိတာအများကြီးရှိတယ်။

ဒေါ်Kumiko:Fu-sui ဗေဒင်အရ အနောက်မြောက်ဘက် နဲ့ အရှေ့တောင်ဘက်မှာ လေကလေးတိုက်ပြီး စိတ်ကြည်လင်းစေနိုင်တယ်ဆိုတဲ့ ထူးခြားချက်ရှိပါတယ်။ ဒါကြောင့် Omotesando မှာ စိတ်မကောက် ရန်မဖြစ်ဘဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်လို့ ပြောနိုင်တယ်။ အသေးစိတ်ရှင်းပြရင်တော့ Fu-sui ဗေဒင်မှာ အရှေ့တောင်ဘက်ဟာ “Tatsumi” (သမီးအကြီး) ၊ အနောက်မြောက်ဘက်ဟာ “Inui” (အဖေ) ကို တင်စားတဲ့အရပ်မျက်နှာဖြစ်ပါတယ်။ အရှေ့တောင်ဘက်နဲ့အနောက်မြောက်ဘက်မှာ ယောက်ျားလေး နဲ့ မိန်းကလေး စုံနေလို့ အေးအေးဆေးဆေးနေနိုင်တဲ့နေရာဖြစ်နေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

Jingu-mae လမ်းဆုံမှာ ငွေကံကောင်းစေကြစို့

ဒေါ်Kumiko:Jingu-mae လမ်းဆုံတဝိုက်က ကုန်းစောင်းပါ။ Jingu-mae လမ်းဆုံက နည်းနည်းနိမ့်နေတယ်။ Aoyama ဘက်ကနေ Jingu-mae လမ်းဆုံကိုဆင်းပြီး Jingu-mae လမ်းဆုံကနေ Meiji နန်းတော်ကို တက်သွားနိုင်တယ်။ Jingu-mae လမ်းဆုံလို နိမ့်တဲ့နေရာမှာ ငွေကံကောင်းစေနိုင်တယ်။ ဥပမာပြောပြရင် ရေဟာ မြင့်တဲ့နေရာကနေ နိမ့်တဲ့နေရာကို ကျသွားတတ်တယ်။ Fu-sui ဗေဒင်မှာ ရေကိုစုနိုင်တဲ့နေရာမှာ ပိုက်ဆံကိုလည်းစုနိုင်တယ်လို့ ယုံကြည်တယ်။

Wafulu editor:အဲဒါဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကျိုးအာနိသင်ရှိတဲ့နေရာပေါ့နော် ဆရာမ။

ဒေါ်Kumiko:ဟုတ်တယ်။ ရှေးရှေးတုန်းက တရုတ်နိုင်ငံမှာ လူတွေက မြို့၊ ရပ်ကွက်၊ ရွာတို့ ရဲ့ အရှေ့တောင်ဘက်မှာ ကျောင်းတွေဖွင့်ခဲ့ကြတယ်။ Fu-sui ဗေဒင်မှာ အရှေ့တောင်ဘက်ကို “Monsho အရပ်မျက်နှာ” လို့ခေါ်ပြီး ပညာတတ်တဲ့လူတွေက မြို့၊ ရပ်ကွက်၊ ရွာတို့ ရဲ့ အရှေ့တောင်ဘက်မှာ စီးပွားရေးလုပ်တာကို နှစ်သက်ကြတယ်။

Wafulu editor:Omotesando ၊ Harajuku တို့မှာ ဒီဇိုင်းကုမ္ပဏီ၊ ဖက်ရှင်ကုမ္ပဏီ လို တစ်ခုခုကို ထိုးထွင်းဖန်တီးနေတဲ့ကုမ္ပဏီ များတယ်နော် ဆရာမ။

ဒေါ်Kumiko:ဟုတ်တယ်။ Jingu-mae လမ်းဆုံနားက အဆောက်အအုံတွေရှေ့မှာ နေရာကျယ်ကျယ် ရှိတယ်။ ဒီဓာတ်ပုံမှာ တွေ့နိုင်တယ်နော်။ ဒီနေရာကို “Meidou” လို့ခေါ်တယ်။ Meidou ဆိုတာ “ဘာမှမရှိတဲ့ နေရာကျယ်ကျယ်” ကိုပြောတယ်။ ကျွန်မက ထုတ်ခဲ့တဲ့စာအုပ် “Manidou ဗေဒင် နဲ့ ငွေကံကောင်း” မှာရှင်းပြထားသလို Meidou ရှိရင် ပိုက်ဆံ၊ လူ၊ အား တွေကိုလည်း အများကြီးစုနိုင်တယ်။ Jingu-mae လမ်းဆုံမှာ ဒီMeidou ရှိလို့ အမြဲတမ်းလူများနေတာပါ။

(ကိုယ်ရေးရာဇဝင်)

ဒေါ် Kumiko Manidou

ဂျပန်နိုင်ငံ Nagoyaမြို့မှာမွေးခဲ့တယ်။ တက္ကသိုလ်ကျောင်းသူဘဝကတည်းက တရုတ်နိုင်ငံကို စိတ်ဝင်စားတယ်။ အိမ်ထောင်ပြုပြီး ဟောင်ကောင်ကို အိမ်ရွှေ့ခဲ့တယ်။ သမိုင်းရှိတဲ့ Fu-sui ဗေဒင်ကို စိတ်ဝင်စားပြီး Fu-sui ဗေဒင်ဆရာ ဦးDavid So ဆီမှာ လေ့လာသင်ယူခဲ့တယ်။ ၂၀၀၈ ခုနှစ် ဆရာ ဦးDavid So က ဒေါ် Kumiko ကို “ဗေဒင်ဆရာတစ်ယောက် အနေနဲ့ ကိုယ့်အားကိုယ်ကိုး ဗေဒင်တွက်လိုက်” လို့ တိုက်တွန်းခဲ့တယ်။ ဆရာ ဦးDavid So ကွယ်လွန်ပြီးနောက် ဟောင်ကောင်မှာ နာမည်ကြီးတဲ့ Fu-sui ဗေဒင်ဆရာတွေဆီမှာ လေ့လာပြီး “ဗေဒင် Sangoho Sangenho” ဗဟိုဌာန Kango ဂိုဏ်းကို ဝင်ခဲ့တယ်။ ဒေါ် Kumiko က အဲဒီဂိုဏ်းကိုဝင်ခဲ့တဲ့ ပထမဆုံးဂျပန်လူမျိုးဖြစ်ပြီး “၇၃ဦးမြောက် Manidou” ဆိုတဲ့ နာမည်သစ် ရခဲ့တယ်။ အခု ကုမ္ပဏီ၊ ဆိုင်တွေမှာ Seminar လုပ်နေတယ်။ Fu-sui ဗေဒင်ပဲမဟုတ်ဘဲ “Shinchu Suimei” “Takujitsu” လိုမျိုး တခြားဗေဒင်တွေနဲ့ Fu-sui ဗေဒင်ကို ပေါင်းပြီး ဂျပန်နိုင်ငံ နဲ့ တရုတ်နိုင်ငံမှာ ဗေဒင်တွက်နေတယ်။

ဒေါ် Kumiko ရဲ့စာအုပ “Manidou ဗေဒင် နဲ့ ငွေကံကောင်း” (Kosaido publishing)

Manidou ဗေဒင်ကျောင်း official website http://mannidou.com/

Manidou E-learning https://gogetterz.com/course-view-details/2229

Pocket page weekly “〜Manidou ဗေဒင် series〜ဗေဒင်ရဲ့အသည်းနှလုံး”

http://www.pocketpageweekly.com/tag/hikosaka/