4.3.2016

သတို့သမီးဝတ်စုံ Shiromoku ကို ပြန်သုံးထားတဲ့ ECOMACO ပစ္စည်းလေး

နယူးဆောင်းပါး

ecomaco
“Box Pouch” 4800yen (အခြန္မပါ)
Size: 13×8×8cm, ပိုးထည်

ECOMACOဆိုင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကို အဓိကထားပြီး ပစ္စည်းတွေထုတ်လုပ်နေတဲ့
ဆိုင်ဖြစ်ပါတယ်။ ဒီနေ့ ECOMACOဆိုင်က အိတ်ငယ် “Shiromuku-Yui” ကို မိတ်ဆက်ပေးပါမယ်။

Shiromuku ဆိုတာ သတို့သမီးအတွက် ဂျပန်ရိုးရာ မင်္ဂလာဝတ်စုံ ဖြစ်ပါတယ်။ “Shiro” ဆိုတဲ့စကားလုံးက
“အဖြူရောင်” ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး ဒီဝတ်စုံလည်း အဖြူရောင်ဖြစ်ပါတယ်။ တခြားအရောင် လုံးဝ မပါဘူး။

ECOMACOဆိုင်ကထုတ်တဲ့ အိတ်ငယ်ဟာ Shiromuku အဟောင်းကို ပိတ်စအနေနဲ့
ပြန်သုံးထားတာဖြစ်ပါတယ်။ အရင်တုန်းက မင်္ဂလာဆောင်ဝတ်စုံတွေ ငှားတဲ့ဆိုင်တွေက ဒီဇိုင်းဟောင်းတဲ့
Shiromuku တွေကို အများကြီးလွှင့်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ Shiromukuတွေက မဟောင်းသေးဘူး။
ဝတ်နိုင်သေးတဲ့ Shiromukuတွေကို လွှင့်ပစ်တာ နှမြောတာကြောင့် ECOMACOဆိုင်ဟာ ၂၀၁၂
ခုနှစ်ကစပြီး Shiromukuတွေကို ပြန်သုံးပြီး ပစ္စည်းလေးတွေ ထုတ်နေတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပညာ

ecomaco

ECOMACOဆိုင်ဟာ သဘာဝကို အရမ်းတန်ဖိုးထားပြီး သဘာဝပတ်ဝန်းကျင် မပျက်စေအောင်
ဆောင်ရွက်နေပါတယ်။

Shiromukuအဟောင်းကို ပြန်သုံးပြီး pouch အပြင် အိတ်၊ လိပ်စာကတ် case၊ သော့ case တွေကိုလည်း
ထုတ်နေပါတယ်။

ဆိုင်ရှင်က “အစတုန်းကတော့ ပစ္စည်းကောင်းတွေ မထုတ်နိုင်ခဲ့ဘူး။ အကြိမ်ကြိမ် ကြိုးစားရခဲ့တာပါ။
နောက်ဆုံးကျတော့ ပိုးထည်နဲ့ လုပ်ထားတဲ့ Shiromuku နဲ့ orgady ပိတ်စကို ထပ်ပြီးချုပ်ရင်
ခိုင်မာတဲ့ပစ္စည်း ထုတ်နိုင်တာကို တွေ့နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဂျပန်ရိုးရာမုန့်ရဲ့ပုံစံကို ဖန်တီးထားတဲ့ပစ္စည်း “Wagashi series” စတဲ့ ပုံစံ၊ အရောင်တွေ အမျိုးအမျိုး
စုံနေပါတယ်။ ဂျပန်အလှကို လေ့လာကြည့်ကြပါနော်။

သတို့သမီးတွေရဲ့ တာဝရအမှတ်တရ Shiromuku နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေကို ကြည့်ရင်
ဂျပန်ယဉ်ကျေးမှုကို ပိုပြီး ခံစားနိုင်မှာ ဖြစ်ပါတယ်။

ECOMACO ONLINE SHOP
ECOMACO Nagano ဆိုင်
Naganoခရိုင် Naganoမြို့ Okadaရက်ကွက် 96-5
ဆိုင်ပွင့်ချိန် 10:00-18:00
(တနင်္ဂနွေတိုင်း ပိတ်ပါတယ်)
http://www.ecomaco.com/