26.2.2016

ဂျပန်နိုင်ငံ Kawagoeမြို့က နာမည်ကြီးတဲ့မုန့်ဆိုင် “Kameya ဗဟိုဆိုင်”

နယူးဆောင်းပါး

ပြီးခဲ့တဲ့ အနှစ် ၂၃၀ လောက်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရိုးရာမုန့်ဆိုင်

ဂျပန်နိုင်ငံ Kawagoeမြို့မှာ ရှေးကတည်းက စီးပွားရေးလုပ်နေတဲ့ဆိုင်၊ ကုမ္ပဏီတွေ အများကြီးရှိပါတယ်။ ဒီနေ့ မိတ်ဆက်ပေးမဲ့ဆိုင်ဟာ ပြီးခဲ့တဲ့ အနှစ် ၂၃၀ လောက်မှာ ဖွင့်လှစ်ပြီး ရိုးရာမုန့်တွေ ရောင်းနေတဲ့ “Kameya ဗဟိုဆိုင်“ ဆိုတဲ့ဆိုင်ဖြစ်ပါတယ်။

Kameyaမုန့်ဆိုင်

Kameya ဗဟိုဆိုင်ဟာ Kawagoeမြို့ရဲ့ အစည်ကားဆုံးဧရိယာထဲမှာ တည်ရှိပါတယ်။ စနေ၊ တနင်္ဂနွေ ပဲမဟုတ်ဘဲ ကြားရက်မှာလည်း ခရီးသည်အများကြီး လာရောက်ကြပါတယ်။

Kameyaမုန့်ဆိုင်

ပရိသတ်တွေကို မိတ်ဆက်ပေးချင်တဲ့ မုန့်က “Kame no monaka” ဖြစ်ပါတယ်။ ပဲတီဝါနဲ့လုပ်ထားတဲ့ ဌာပနာ၊ ဂျပန်မှာထုတ်တဲ့ ကောက်ညှင်းဆန် တို့ကို ရောပြီး လိပ်ခွံပုံစံလို လုပ်ထားတဲ့ မုန့်လေးပါ။ လူတွေက “လက်ရာမုန့်” လိုခေါ်ကြသလို လှအောင်လုပ်ထားပါတယ်။ Koedo Kawagoe ခရီးသွားလုပ်ငန်းအသင်းက လူကြိုက်များတဲ့ဒီမုန့်လေးကို “Kawagoe Selection” ဆိုတဲ့ ဆုပေးခဲ့ပါတယ်။

Kameyaမုန့်ဆိုင်

ပြီးတော့ “Kamedora” ဆိုတဲ့မုန့်လေးလည်း အဲဒီဆု ရဖူးပါတယ်။ ဒီမုန့်လေးလည်း အထဲမှာ ပဲတီဝါ ဌာပနာ ထည့်ထားပါတယ်။ သကြားလျှော့ပြီး ပျားရည် စတဲ့ သဘာဝက ရတဲ့ အချိုကို သုံးထားတာဖြစ်ပါတယ်။ (ဒီမုန့်ကိုတော့ Kameya Motomachi ဆိုင်ခွဲမှာပဲ ၀ယ်ယူနိုင်ပါတယ်)

Kameyaမုန့်ဆိုင်

မုန့်ရဲ့ အရသာဟာ အနှစ် ၂၃၀ တိုင်တိုင် မပြောင်းဘဲ ဆင်းသက်လာတာဖြစ်ပါတယ်။ အဲဒီအပြင် လတိုင်း မုန့်အသစ်ကိုလည်း ဖန်တီးနေပါတယ်။

Kameyaမုန့်ဆိုင်

Kameya ဗဟိုဆိုင်ထဲမှာ ပြခန်းလည်းရှပါတယ်။ ဒီပြခန်းမှာ ဆိုင်ရဲ့သမိုင်းကို အခမဲ့ လေ့လာနိုင်ပါတယ်။

*မော်ဒယ် Tomomi Ikenoya ဟာ Naganuma Shizuka ဂျပန်ရိုးရာဝတ်စုံ Kawagoe ကျောင်းက ကျောင်းသူ ဖြစ်ပါတယ်။

Kameyaမုန့်ဆိုင်

Kameya ဗဟိုဆိုင်
Kawagoeမြို့ Nakamachiရပ်ကွက် 4-3
ဆိုင်ပွင့်ချိန် 9:00~18:00

http://www.koedo-kameya.com