10.2.2016

ဂျပန်ယဉ်ကျေးမှုကို ခံစားနိုင်တဲ့ JAPANESE SPA ဆိုင်

နယူးဆောင်းပါး

Made in Japanဖြစ်တဲ့ SPAဆိုင် WASPA

Japanese Spa

၂၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ တိုကျိုမြို့ Ginza တွင် JAPANESE SPA ဆိုင် “WASPA” စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံရဲ့ ရိုးရာနည်း၊ ရိုးရာပစ္စည်းတွေ သုံးတဲ့ SPA ရှိသလို ဒီ WASPAဆိုင်လည်း ဂျပန်ရိုးရာယဉ်ကျေးမှုကို ခံစားနိုင်တဲ့ SPAဆိုင် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပြည်သူတွေရဲ့ သက်တမ်းအရှည်ဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ခန္ဓာကိုယ်ကို ကျန်းမာလှပစေတတ်တဲ့ SPA ဖြစ်ပါတယ်။

ပြည်တွင်မှာထုတ် ပစ္စည်းတွေကို အသုံးပြုခြင်း

Japanese Spa

ဂျပန်ရိုးရာအိမ်ဗိသုကာလို လုပ်ထားတဲ့ ဒီ SPA ဆိုင်မှာ သံတစ်ခုမှ မရိုက်ထားပါဘူး။ အ၀င်မှာ အနားယူနိုင်တဲ့ ဧရိယာရှိပြီး ရိုးရာမုန့်တွေ စားနိုင်ပါတယ်။

ဒီဆိုင်က massage လုပ်တဲ့အခါ ၀ါးစိမ်း၊ ဆား တို့ကို သုံးပါတယ်။ ဆားက Setouchi ဒေသမှာ ထုတ်တဲ့ဆားဖြစ်ပြီး အသားကို ညက်စေပါတယ်။

ဂျပန်မှာ နာမည်ကြီးမင်းသမီး မNorika Fujiwara က ဒီ SPAဆိုင်ရဲ့ ambassador ဖြစ်ပါတယ်။ သူက “ဒီဆိုင်ကို လာပြီး နောက်ပိုင်းကျတော့ အသား အရမ်းလှလာတာပါ” လို့ပြောလိုက်ပါတယ်။

Japanese Spa

အဲဒီအပြင် Izu-oshimaကျွန်းမှာထုတ် Tsubaki ဆီး၊ Fujiတောင်က ကျောက်ထုံး၊ Kanazawaမြို့မှာထုတ် ရွှေဆိုင်း စတဲ့ အထူးပစ္စည်းတွေကို သုံးပြီး မျက်နှာ၊ ခန္ဓာကိုယ်ကို massage လုပ်ပေးပါတယ်။ အသားကို လှပစေရန်၊ ပြသာနာ မဖြစ်စေရန် အသားအလှကို ဖန်တီးနိုင်တဲ့ massage ဖြစ်ပါတယ်။ ဆိုင်တည်ရှိတဲ့ Ginza ဧရိယာဟာ နိုင်ငံခြားခရီးသည်တွေ အများကြီးလာကြတဲ့နေရာ ဖြစ်တဲ့အတွက် WASPAဆိုင်မှာ နိုင်ငံခြားစကားတတ်တဲ့ ၀န်တမ်းတွေလည်း ရှိပါတယ်။ ဒီဆိုင်မှာပဲ တွေ့နိုင်တဲ့ ရိုးရာယဉ်ကျေးမှုကို ခံစားကြည့်ကြပါနော်။

WASPA

တိုကျိုမြို့ ၊ Chuoရက်ကွက်၊ Ginza 5-10-2၊ GINZA MISS PARIS 5လွှာ
ဆိုင်ပွင့်ချိန်: ကြားရက် 11:00-21:00, စနေ၊တနင်္ဂနွေ 10:00-19:00
www.wa-spa.jp