5.1.2016

အကျိုးကောင်းပေးတတ်တဲ့ အိတ်လေး

နယူးဆောင်းပါး

Kichijitsu ဆိုင်က အိတ်လေး “Omamori Pokke”

Omamori ဆိုတာက အကျိုးကောင်းပေးတတ်တယ်လို့ ဂျပန်လူမျိုးတွေက ရှေးကတည်းက ယုံကြည်ကြတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။Omamori ကို ဘုရားမှာ ၀ယ်ယူနိုင်ပါတယ်။ ဒီနေ့ မိတ်ဆက်ပေးချင်တာက Omamori ပုံစံလိုလုပ်ထားတဲ့ အိတ်လေးဖြစ်ပါတယ်။

omamori pocket
Omamori Pokke 3500yen 11.5×17cm

Omamori Pokke ကို ဂျပန်နိုင်ငံ Yamanashiခရိုင် Fujiyoshidaမြို့ kichijitsuဆိုင်မှာ ၀ယ်ယူနိုင်ပါတယ်။

မAya Inoueက ပစ္စည်းတွေအတွက် ဒီဇိုင်းပုံဆွဲနေပါတယ်။ Omamori Pokke မှာပါတဲ့ပုံဟာ Fuji တောင်၊ အဖြူရောင်မြွေ၊ ခေါင်းလောင်း စတဲ့ ကံကောင်းစေတတ်တဲ့အရာတွေ ဖြစ်ပါတယ်။ ရိုးရာယဉ်ကျေးမှု နဲ့ ခေတ်မိဒီဇိုင်းကို ပေါင်းထားတာဖြစ်ပါတယ်။

မInoue ဟာ ဂျပန်ယဉ်ကျေးမှု၊ ဗိသုကာ တို့ကို စိတ်ဝင်စားပြီး စာစောင်တွေမှာ ဘုရားအကြောင်းရေးထားတာကို ဖတ်ရတာ ၀ါသနာပါပါတယ်။

တခြားဆိုင်မှာ မတွေ့နိုင်တဲ့ အထူးဒီဇိုင်း

Omamori Pork

kichijitsuဆိုင်က ပစ္စည်းလေးတွေကို ထုတ်လုပ်နေတာက Hikariorimono စက်ရုံဖြစ်ပါတယ်။ Hikariorimonoစက်ရုံဟာ ပိတ်စရက်တဲ့နည်းပညာ အရမ်းတိုးတက်နေတဲ့ စက်ရုံဖြစ်ပါတယ်။

kichijitsuဆိုင်မှာ Omamori Pokke အပြင် မှတ်စုစာအုပ် “GOSHUIN”၊ အိတ်လေး “Gokigen Pouch” စတဲ့ နေ့စဉ်သုံးပစ္စည်းတွေလည်း ရောင်းနေပါတယ်။ ကိုယ်အတွက်ရော သူငယ်ချင်းအတွက်ပါ အကျိုးကောင်းရောက်အောင် တစ်ခုလောက် ၀ယ်ကြည့်ကြပါနော်။

kichijitsu ဆိုင်

http://kichijitsu.jp/