29.12.2015

ဓာတုပစ္စည်းမပါ မြက်ပင်တွေပဲသုံးထားတဲ့ organic ဆပ်ပြာ

နယူးဆောင်းပါး

Mild washing soap

Washing soap/Mild washing soap
90g 1,728yen

တိုကျိုမြို့ Sumida ရပ်ကွက်ရှိ Matsuyama Yushi ဆိုင်ဟာ ဓာတုပစ္စည်း လုံးဝ မသုံးထားတဲ့ ဆပ်ပြာ “Hokurokusousui” ကို တီထွင်ခဲ့ပါတယ်။
Matsuyama Yushi ဆိုင်ဟာ ဂျပန်နိုင်ငံ Yamanashi ခရိုင်မှာပဲရှိတဲ့ ဒေသန္တရ မြက်ပင်တွေကို Fuji တောင်က စီးလာတဲ့ ချောင်းရေထဲမှာ အကြာကြီးစိမ်ပြီး အဲဒီရေနဲ့ ဆပ်ပြာ၊ cosmetic ပစ္စည်းတွေ ထုတ်လုပ်နေပါတယ်။

အသားညက်စေတဲ့ အာနိသင်

Mild washing soap
လူရဲ့အရေပြားမှာ Aquaporin ဆိုတဲ့ protein တစ်မျိုးပါပါတယ်။ Aquaporin မှာ အရေပြားခြောက်သွေ့မှု ကာကွယ်ခြင်း၊ အခြစ်ဒဏ်ရာတွေ သက်သာစေခြင်း စတဲ့ အာနိသင် ရှိပါတယ်။ ဒီဆိုင်ဟာ Aquaporin အများကြီးပါတဲ့ မြက်ပင်ကို ရေစိမ်ပြီး Hokurokusousui ဆပ်ပြာ ထုတ်နေပါတယ်။ Aquaporin အပြင် washing soap မှာ Honeysuckle ၊ Cypress စတဲ့ အသားညက်စေတဲ့ အာနိသင်ရှိတဲ့ မြက်ပင်တွေလည်း ပါပါတယ်။
Mild washing soap မှာတော့ ဖွဲ့နု ပါပါတယ်။ အရေပြားကို လုံးဝ မထိခိုက်ပါဘူး။ အနံ့လည်း မပြင်းဘူး။
Hokurokusousui KITTE Marunouchi ဆိုင်ခွဲမှာ ဆပ်ပြာ၊ Face scrub ၊ Lotion တွေကို စမ်းကြည့်လို့ရပါတယ်။ ကိုယ့်ကြိုက်တဲ့ Organic cosmetic ကို ရှာကြည့်ကြပါနော်။

Hokurokusousui KITTE Marunouchi ဆိုင်ခွဲ

Mild washing soap

တိုကျိုမြို့ Chiyoda ရပ်ကွက် Marunouchi 2-7-2 JP Tower 4F
ဆိုင်ပွင့်ချိန် 11:00-21:00 (တနင်္ဂနွေ 11:00-20:00)