10.3.2016

100% သဘာဝပစ္စည်းဆိုင်

နယူးဆောင်းပါး

တိုကျိုမြို့မှာရှိ “MAITO” ဆိုတဲ့ဆိုင်ဟာ ဂျပန်ရိုးရာနည်းနဲ့လုပ်ထားတဲ့ အင်္ကျီ၊ နေ့စဉ်သုံးပစ္စည်းတွေ အမျိုးမျိုးရောင်းတဲ့ဆိုင် ဖြစ်ပါတယ်။
ဆိုင်ရှင်က ကိုMaito Komuro ဖြစ်ပါတယ်။ ဆိုင်မှာ Made in Japan ဖြစ်တဲ့ပစ္စည်းတွေ၊ ဓာတုပစ္စည်းလုံးဝ မသုံးထားတဲ့ပစ္စည်းတွေပဲ ရောင်းနေတာဖြစ်ပါတယ်။

MAITOဆိုင်က တီထွင်ခဲ့တဲ့ အပ်ချည်

ပိတ်စကို ဆေးဆိုးတဲ့အခါ ဓာတုပစ္စည်း မသုံးဘဲနဲ့ ပန်း၊ သစ်ရွက်၊ သဲ၊ ပြည်ကြီးငါး နဲ့ ရေဘ၀ဲတို့ရဲ့ မင် စတဲ့ organic ပစ္စည်းတွေကိုပဲ သုံးပါတယ်။
ဥပမာအားဖြင့် ပိတ်စကို ပန်းရောင်ဆိုးချင်တယ် ဆိုရင် ချယ်ရီပန်းနဲ့ ဆေးဆိုးရပါတယ်။ အညိုရောင်ဆိုးချင်တယ် ဆိုရင်တော့ သစ်ချသီးထည့်ပြီး ဆေးဆိုးရတာပါ။ ဒီဆိုင်ရဲ့ ခြံမှာ ဆေးဆိုးဖို့ သုံးတဲ့ တချို့ ပန်း၊ သစ်ပင်တွေ စိုက်ထားပါတယ်။

MAITOဆိုင်မှာ အင်္ကျီတွေ၊ အိတ်တွေ၊ နေ့စဉ်သုံးပစ္စည်းတွေ အများကြီးရောင်းနေပါတယ်။ ပစ္စည်းတွေ ဆေးဆိုးတာကို တစ်ခါတည်းလုပ်တာ မဟုတ်ပါဘူး။ ပစ္စည်းအမျိုးအစားအလိုက် ဆေးဆိုးဖို့ အချိန် မတူကြပါဘူး။
MAITOဆိုင်က ပစ္စည်းတွေဟာ ပွတ်တိုက်မှု၊ နေရောင်ခြည်တို့ကို ကာကွယ်နိုင်တဲ့ ချည်နဲ့လုပ်ထားတာကြောင့် ကြာရှည်ခံပါတယ်။ ထုတ်လုပ်ဖို့ အချိန်အရမ်းကြာပြီး အထူးကိရိယာ၊ စက်တွေနဲ့ လုပ်ရတာဖြစ်ပါတယ်။
ပိတ်စ အများစုဟာ MAITOဆိုင်က တီထွင်ခဲ့တဲ့ အထူးရက်ကန်းနဲ့ ရက်ထားပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ ဒီဆိုင် တစ်ဆိုင်မှာပဲ ၀ယ်ယူနိုင်တဲ့ ပိတ်စ လို့ပြောနိုင်ပါတယ်။
အင်္ကျီ အမျိုးစုံ စုံနေပါတယ်။ ဆောင်းရာသီအတွက် ခြေအိတ်၊ လက်အိတ်တွေလည်း ရှိပါတယ်။
သဘာဝ 100% ပစ္စည်းတွေနဲ့ အလှဆင်ကြည့်ကြပါနော်။


ပိုးထည် ခြေအိတ် / ချည်ထည် ခြေအိတ်
(တစ်စုံ 2,400 yen) / (တစ်စုံ 1,600 yen)

သဘာဝ 100% ပစ္စည်းပဲ ရောင်းတာက…

လွယ်အိတ်၊ လက်ကိုင်အိတ်တွေအတွက် သုံးတဲ့ ပိတ်စဟာ အရမ်းခိုင်မာတဲ့ “Kurashiki Honuno” လို့ခေါ်တဲ့ ပိတ်စဖြစ်ပါတယ်။ ဒီပိတ်စက ရွက်လှေအတွက်ရော၊ Judo အားကစား ယူနီဖောင်းအတွက်ရော အသုံးနည်း အများကြီးရှိပါတယ်။ ဒီပိတ်စနဲ့ လုပ်ထားတဲ့ အိတ်ထဲကို အရမ်းလေးတဲ့ ပစ္စည်းတွေထည့်ရင်လည်း မပြဲပါဘူး။

MAITO
လက်ကိုင်အိတ်(အသေး) 9,400~10,400 yen

သဘာဝကထုတ်တဲ့ ပစ္စည်းတွေဟာ ဓာတုပစ္စည်း သုံးထားတာထက် ဈေးကြီးပါတယ်။ MAITOဆိုင်မှာ ဘာဖြစ်လို့ သဘာဝ 100%ပစ္စည်းပဲ ရောင်းနေသလဲလို့ ဆိုင်ရှင် ကိုKomuro ကို မေးရင် သူက “ရှေးရှေးတုန်းက ဓာတုပစ္စည်း မရှိတဲ့အချိန်မှာ ခရမ်းရောင်ဆိုးဆေးက အရမ်းဈေးကြီးလို့ သူဌေးတွေပဲ ခရမ်းရောင်အင်္ကျီ ၀တ်နိုင်ခဲ့တာပါ။ အစိုးရက သာမန်လူတွေကို ခရမ်းရောင်အင်္ကျီ မ၀တ်ရန် တားမြစ်တဲ့ ကာလလည်း ရှိခဲ့ပါတယ်။ ဒါတွေကို စဉ်းစားရင် အရောင် ဆိုတာက အရမ်းနက်နဲတယ်လို့ ကျွန်တော် ခံစားမိတာပါ။ ရိုးရာနည်းကို ထိန်းသိမ်းရင်း အရောင်ဆိုးခြင်းရဲ့ သမိုင်းကိုလည်း ဆင်းသက်စေချင်ပါတယ်” လို့ပြောခဲ့ပါတယ်။
ရှေးကတည်းက ဆင်းသက်လာတဲ့ ဂျပန်ရိုးရာနည်းနဲ့လုပ်ထားတဲ့ အင်္ကျီ၊ ပစ္စည်းတွေမှာ ကျွန်မတို့ မသိတဲ့ storyတွေ ရှိပါတယ်။ ၀တ်ဖို့ကောင်း၊ အရည်အသွေးမြင့်တဲ့ ဂျပန်ပစ္စည်းလေးကို တစ်ခုလောက် ၀ယ်ယူကြည့်ကြပါနော်။

MAITO

MAITO Kuramae ဗဟိုဆိုင်

MAITO
တိုကျိုမြို့ Daitoရပ်ကွက် Kuramae 4-14-12 မြေညီထပ်
ဆိုင်ပွင့်ချိန် 11:30~18:30
(ပိတ်ရက် : တနင်္လာနေ့)

http://maitokomuro.com