10.12.2015

ဂျပန်ရိုးရာမုန့်တွေလုပ်နေတာကို လေ့လာနိုင်တဲ့ကဖီး

နယူးဆောင်းပါး

ဂျပန်ရိုးရာမုန့်တွေဟာ အနုပညာလက်ရာလို အရမ်းလက်ဝင်ပြီး အသေးစိတ်ထိလှအောင် လုပ်ထားပါတယ်။ ဘယ်လိုလုပ်ထားလဲ သိပါသလား။

ဂျပန်ရိုးရာမုန့်ကို စိတ်ဝင်စားတယ်ဆိုရင် Tokyoမြို့ Nihonbashi မှာရှိတဲ့ “Tsuruya Yoshinobu Tokyo ဆိုင်ခွဲ” ကို သွားကြည့်ကြပါ။ အဲဒီဆိုင်က မုန့်တွေရောင်းတာပဲမဟုတ်ဘဲ ဆိုင်ထဲမှာ ကဖီး “Kayu-chaya” ကို ဖွင့်ထားပြီး မုန့်တွေထိုင်စားလို့လည်း ရပါတယ်။ အဲဒီကဖီးမှာထိုင်ပြီး ကျွမ်းကျင်သူတွေ မုန့်လုပ်နေတာကို လေ့လာနိုင်ပါတယ်။

ဆိုင်မှာရောင်းတဲ့မုန့် ၁ မျိုး နဲ့ ကဖီးမှာပဲရောင်းတဲ့အထူးမုန့် ၂ မျိုး စုစုပေါင်း ၃ မျိုးထဲက တစ်မျိုးကို ရွေးပြီး ကဖီးမှာ ထိုင်စားနိုင်ပါတယ်။

ကျွမ်းကျင်သူတွေက ကိရိယာအမျိုးမျိုးကို ကောင်းကောင်းသုံးပြီး မုန့်လုပ်နေတာကို လေ့လာနိုင်ပါတယ်။ သူတို့ရဲ့ကျွမ်းကျင်မှုကြောင့် လှပတဲ့အနုပညာလက်ရာလို မုန့်တွေကိုဖန်တီးတတ်တာဖြစ်ပါတယ်။

နိုင်ငံခြားဧည့်သည်တွေကတော့ အံသြပြီး “Wonderful!” လို့ပြောနေတာကို ခဏခဏတွေ့မိပါတယ်။ ဂျပန်ရိုးရာမုန့်တွေဟာ အနုပညာလက်ရာနဲ့တူပါတယ်။ အဲဒါကို စားမယ်ဆိုရင် အရမ်းဇိမ်ခံပြီး နှမြောစရာလည်း ဖြစ်ပါတယ်။

ဂျပန်ရိုးရာမုန့်တွေမှာ တွေ့နိုင်တဲ့ရာသီ ၄ မျိုး

ဒီတစ်ခါ ကဖီးမှာ အောက်တိုဘာလအတွက်မုန့် “Bangiku” လုပ်နေတာကို လေ့လာခဲ့ပါတယ်။ လက်ဖက်ရည်ကြမ်းရဲ့အစိမ်းနုရောင်ဟာ မုန့်ရဲ့အရောင်နဲ့ လိုက်ဖက်ပြီး ရှုမငြီးပါဘူး။

မုန့်တွေစားရင်း ကျွမ်းကျင်သူတွေနဲ့ စကားပြောပြီး မုန့်ရဲ့ နာမည်၊ သမိုင်း၊ လုပ်နည်းတွေကို မေးနိုင်ပါတယ်။

ဒီလိုမျိုး ဂျပန်ရိုးရာမုန့်တွေကို ထိုင်စားရင်းလေ့လာနိုင်တဲ့ကဖီးက ပြီးခဲ့တဲ့ အနှစ် ၂၀၀ ကျော်မှာဖွင့်ခဲ့တဲ့ Kyoto ဗဟိုဆိုင် နဲ့ Tokyo ဆိုင်ခွဲမှာပဲ ရှိပါတယ်။ ဂျပန်ကိုအလည်လာရင် သွားကြည့်ကြပါ။

ဒီတစ်ခါ ဓာတ်ပုံတွေတင်ထားတဲ့ Tokyo ဆိုင်ခွဲဟာ ဧည့်သည်တွေကို ရင်းရင်းနှီးနှီးဆက်ဆံပါတယ်။ ဆိုင်နဲ့ကဖီးတွေမှာ ဂျပန်ရိုးရာအရသာနဲ့ မုန့်လုပ်နည်းတွေကို လေ့လာနိုင်ပြီး အလည်သွားစရာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Tsuruya Yoshinobu Tokyo ဆိုင်ခ

Tsuruya Yoshinobu Tokyo ဆိုင်ခ

COREDO Muromachi3 Ground Floor, Muromachi 1-5-5, Nihonbashi, Chuo-ku, Tokyo
မုန့်ရောင်းဆိုင်
ဆိုင်ဖွင့်ချိန် 10:00~21:00
ကဖီး Kayu-chaya 10:30~20:00 (Last order 19:30)
03-3243-0551
http://tokyo-mise.jp/