24.12.2015

SOU・SOUဆိုင်က ရိုးရာပိုက်ဆံအိတ် Gamaguchi

နယူးဆောင်းပါး

SOU・SOU

တိုကျိုမြို့မှာရှိ SOU・SOU ဆိုင်ဟာ ချစ်စရာကောင်းတဲ့ ဂျပန်ရိုးရာပိတ်စကို သုံးပြီး ပစ္စည်းလေး အမျိုးမျိုး ထုတ်လုပ်တဲ့ဆိုင်ဖြစ်ပါတယ်။ အခု ရောင်းကောင်းတာက “Gamaguchi Bag” ဆိုတဲ့ ပိုက်ဆံအိတ်အကြီး ဖြစ်ပါတယ်။ ဒီ Gamaguchi ပုံစံဟာ ရှေးကတည်းက ဂျပန်လူမျိုးတွေက သုံးကြတဲ့ ရိုးရာပိုက်ဆံအိတ်ပုံစံ ဖြစ်ပါတယ်။ SOU・SOU ဆိုင်က ထုတ်လုပ်နေတဲ့ Gamaguchi Bag ဟာ ရိုးရိုး Gamaguchi ပုံစံထက် ပိုကြီးလို့ ပိုက်ဆံပဲ မဟုတ်ဘဲနဲ့ ဖုန်း၊ စာရေးကိရိယာတွေလည်း ထည့်နိုင်ပါတယ်။

ဒီဆိုင်မှာပဲ တွေ့နိုင်တဲ့ ပိတ်စတွေ

SOU・SOU ဆိုင်ဟာ ဂျပန်နိုင်ငံ Bizen ဒေသမှာရှိ Takeyari Shokufu ကုမ္ပဏီကထုတ်တဲ့ နာမည်ကြီး Bizen ပိတ်စကို သုံးပြီး ပစ္စည်းတွေ ထုတ်နေပါတယ်။ Bizen ပိတ်စဟာ တာရှည်ခံပြီး နိုင်ငံတကာမှာလည်း ခေတ်စားနေပါတယ်။
ပိတ်စရဲ့ ကျောဘက်မှာ Jacquard ကိုလည်း ကပ်ထားလို့ ပို gorgeous ဖြစ်ပါတယ်။
ပိုက်ဆံအိတ်အနေနဲ့ ဖြစ်ဖြစ် အလှကုန်ပစ္စည်းတွေ ထည့်ဖို့ ဖြစ်ဖြစ် အသုံးနည်းအမျိုးမျိုးရှိတဲ့ ဂျပန်ရိုးရာအိတ်လေး ဖြစ်ပါတယ်။

SOU・SOU

Hoshizakura Unsai Nan Gabaguchi/ Kenran
ချည်ထည် 100% 16.5×17cm
3,300 yen
* အိတ်တစ်လုံးစီ pattern မတူဘူး

SOU・SOU Kyoto Aoyama ဆိုင်ခွဲ

SOU・SOU

တိုကျိုမြို့ Minato ရပ်ကွက် Minami Aoyama 5-4-24
A La Croce 1F
ဆိုင်ပွင့်ချိန် 11:00-20:00 (ပိတ်ရက်မရှိ)