30.4.2017
ေဖျာ်ေြဖေရး
Kyoto ခရိုင် Kyotangoမြို့မှာရှိ ဂျပန်ရိုးရာမုန့်ဆိုင် “Onkashitsukasa An” (Polaris ကုမ္ပဏီ၊ ဥက္ကဌ မManami Okita) ဟာ ဂျပန်ရိုးရာမုန့်နဲ့ အနောက်တိုင်းမုန့်ကို ပေါင်းထားတဲ့ မုန့်သစ် “Kyotango Kuromame cheese cake” တီထွင်ခဲ့ပါတယ်။ ဒီမုန့်ကို စတင်ရောင်းချချိန်ကတည်းက သုံးလအတွင်းမှာ အလုံး ၁၀၀၀ ကျော် ရောင်းနိုင်ခဲ့တာဖြစ်ပါတယ်။
Kyotango Kuromame cheese cake
Kyotango Kuromame cheese cake
Onkashitsukasa An မုန့်ဆိုင် http://www.tabi-polaris.com/an/
Kyotango Kuromame cheese cake ဆိုတာ…
1600 yen (အခွန်ပါ)
Onkashitsukasa An
Onkashitsukasa An မုန့်ထုတ်စက်ရုံချုပ် ဦးNakahara ဟာ ပြီးခဲ့တဲ့ ၂၃ နှစ်ကတည်းက ဒီစက်ရုံမှာ မုန့်လုပ်နေပါတယ်။ ဂျပန်ရိုးရာမုန့်ရဲ့ သမိုင်းကို လူငယ်တွေကို သိစေချင်လို့ ဂျပန်မုန့်လုပ်နည်းနဲ့ အနောက်တိုင်းမုန့်လုပ်နည်းတို့ကို ပေါင်းပြီး ဒီလို မုန့်သစ် တီထွင်ခဲ့တာပါ။
၆ လ ကျော်ကြာရတဲ့ innovation
မုန့်သစ်ကောင်း တီထွင်နိုင်အောင် market research လုပ်ရင် အခုခေတ်မှာ cheese cakeက ခေတ်စားနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့ဆိုင်က ဂျပန်ရိုးရာမုန့်ဆိုင်ဖြစ်တဲ့အတွက် cheese cake လုပ်ဖို့ အရည်းအချင်း မရှိခဲ့ဘူး။ ဒါပေမဲ့ ဦးNakamuraက စိတ်မလျှော့နိုင်လို့ cheese cake နဲ့ ဂျပန်ရိုးရာမုန့်ကို ပေါင်းထားတဲ့ မုန့်သစ် တီထွင်နိုင်အောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးကျတော့ Monaka ဆိုတဲ့ အထဲမှာ ပဲဌာပနာ ထည့်ထားတဲ့ ပေါင်မုန့်လေး နဲ့ cheese cakeတို့ကို ပေါင်းထားတဲ့ Kyotango Kuromame cheese cake ကို တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ Kyotango မြို့မှာထုတ်တဲ့ black bean ဟာ ဂျပန်နိုင်ငံမှာ မသိတဲ့လူမရှိသလောက် အရမ်းနာမည်ကြီးပါတယ်။ ဒါကြောင့် ဒီမုန့်မှာ black bean လည်းထည့်ထားပါတယ်။
ပြောင်းလဲလာတဲ့ ခရီးသည်တွေရဲ့ လိုအပ်မှု
Kyotangoမြို့မှာ လှပတဲ့ beach ရှိလို့ နွေရာသီမှာ ခရီးသည်တော်တော်များပါတယ်။ ဆောင်းရာသီမှာလည်း စားလို့ကောင်းတဲ့ ဂဏန်းတွေ ဖမ်းနိုင်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ခရီးသည် ၂၂ သိန်းကျော် ၀င်ရောက်လာပြီး ၀င်ငွေ ဂျပန်ယန်း ၁၀၃ သန်း ရခဲ့ပါတယ်။ အဲဒီအခါကျတော့ ဂျပန်ရိုးရာမုန့်တွေ အရမ်းရောင်းကောင်းပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ခရီးသည်နည်းလာပြီး ရိုးရာမုန့်လည်း ရောင်းရတာ သိပ်အဆင်မပြေတော့ဘူး။ ဒါကြောင့် ခရီးသွားလင်ဆောင်အနေနဲ့ ခရီးသည်တွေကို ဆွဲဆောင်တတ်တဲ့ ထူးဆန်းတဲ့မုန့်သစ်ထုတ်တာ အရေးကြီးပါတယ်။
အဆိုပါ cheese cake အပြင် “ Fruits Daifuku” ဆိုတဲ့မုန့်လည်း လူကြိုက်များလာပါတယ်။ ဒါက စတော်ဘယ်ရီသီး၊ စပျစ်သီး၊ တည်သီး၊ ဗလူးဗယ်ရီသီး စတဲ့ Kyotangoမြို့မှာ အများကြီးစိုက်ထားတဲ့ အသီးတွေနဲ့ လုပ်ထားတဲ့ မုန့်သစ်ဖြစ်ပါတယ်။ ကလေးတွေရော လူကြီးတွေပါ အားလုံးစားနိုင်လို့ လူကြိုက်များလာတာဖြစ်ပါတယ်။
ဒီလို မုန့်သစ် တီထွင်တာက အရမ်းခက်တယ်။ တစ်ခါတလေ ရောင်းမကောင်းလို့ အရှုံးခံတတ်ပါတယ်။ ဒါပေမဲ့ Onkashitsukasa Anဆိုင်ဟာ အရှုံးကို မကြောက်ဘဲနဲ့ ဆက်ကြိုးစားနေတာဖြစ်ပါတယ်။
Kyotango Kuromame cheese cake
1600 yen (အခွန်ပါ)
၁ ဘူးကို ၄ လုံး ပါပါတယ် (90g× ၄ လုံး)
Cream cheese, Whipped cream, Black bean, သကြား, ကြက်ဥ, ဂျုံ, ရှောက်သီး
Onkashitsukasa An
〒629-3241 Kyotoခရိုင် Kyotangoမြို့ Aminoရက်ကွက် Kizu1
ဆိုင်ပွင့်ချိန်: 8:00-17:00
URL: http://www.tabi-polaris.com/an/
Map: http://goo.gl/maps/U6J7TqJuHF62
Onkashitsukasa-An
Onkashitsukasa An2
ယူနီကုဒ်ဖောင့်သို့ပြောင်းလဲရန်